25 C
Yangon

ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်လို့ စစ်ကောင်စီမှ ၃ ဦး သေဆုံး၊ ကောလင်းတွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ရွာအတွင်းသို့ ပစ်ခတ် ပြည်သူ ၂ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ထန်းဇင်ရွာ နှင့် ဆိပ်ခွန်ရွာကြားတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်း အင်အား ၂၀ ကျော် အဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၃ ဦးထက်မနည်းဒဏ်ရာရကာ ထိခိုက်ဒဏ်ရာရသူများ ရှိကြောင်း သတင်းရရှိသည်။ဒေသကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော C&T SHWEBO၊ Snake Eyes၊ Shwebo Ghosts နှင့် ပ.က.ဖ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်းနှင့် ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ၁ ဦး မစိုးရိမ် ဒဏ်ရာရကာ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း C&T SHWEBO က သတင်းထုတ်ပြန်သည်။စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၊ ငပွေးကြီးရပ်ကွက်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ ဇန်နဝါရီလ ၂၈ ရက် ည ၈ နာရီ ၁၅ မိနစ်တွင် ၆၀ မမ မော်တာများဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ကန်လယ်ကြီးကျေးရွာရှိ နေအိမ် ၁ လုံးပေါ် ကျရောက်ပေါက်ကွဲကာ အမျိုးသမီး ၂ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မိခင်ဖြစ်သူ ခါးနောက်ကျောနှင့် ခြေသလုံး တွင် ဒဏ်ရာရကာ သမီးဖြစ်သူမှာ ဆီးခုံတွင် ဒဏ်ရာရခဲ့ကြောင်း၊ လက်ရှိတွင် မစိုးရိမ်ရတော့ကြောင်း ကောလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ကန်လယ်ကြီးကျေးရွာသည် ကောလင်းမြို့အရှေ့ဘက် ၂ မိုင်ခန့်အကွာတွင် တည်ရှိပြီး စစ်ကောင်စီက ၆၀ မမ ဖြင့်ပစ်ခတ်ခဲ့ရာ ကန်လယ်ရွာအတွင်းသို့ ကျည် ၂ လုံး ကျရောက်ခဲ့ပြီး ၁ လုံးမှာ မပေါက်ကွဲသေးကြောင်း ကောလင်း ပ.က.ဖ ထံမှ သိရှိရသည်။

ဓါတ်ပုံ – ကောလင်းတွင် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်ပြီး ကန်လယ်ရွာရှိနေအိမ် ၁ လုံး ပျက်စီးကာ ပြည်သူ ၂ ဦး ဒဏ်ရာရခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article