25 C
Yangon

မြန်မာပြည်သူကို သတ်ဖြတ်နေသော စစ်တပ်ကို ထိရောက် ပြင်းထန်သော ဖိအားပေးရန် ကုလသမဂ္ဂအကြီး အကဲ တောင်းဆို၊ မြန်မာ့အကျပ်အတည်း ဖြေရှင်းရေး စစ်တပ် ၏ နိုင်ငံရေးတွင်ပါဝင်မှု အခြေခံကို နားလည်သင့်ဟု ကုလတရုတ် သံအမတ်ပြော

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ကုလလူ့အခွင့်အရေးအကြီးအကဲ Michelle Bachelet က မြန်မာနိုင်ငံသားများအပေါ် စစ်တပ်၏ အကြမ်း ဖက် သတ်ဖြတ်မှုများ ရပ်တန့်ရန်နှင့် အရပ် သားအုပ်ချုပ်ရေးသို့ ပြန်လည်ရောက်ရှိစေရန် နိုင်ငံတကာအသိုင်း အဝိုင်းက ပြင်းထန်စွာ ဖိအားပေးရန် တောင်းဆိုလိုက်သည်။

အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ စစ်တပ်၏ အကြမ်းဖက်မှုများကို နိုင်ငံ တကာက ရှုတ်ချသော်လည်း ထိရောက်သော တုံ့ပြန်မှုမရှိကြောင်း က မစ္စ Bachelet က ဝေဖန်မှတ်ချက်ပေးသည်။

အလားတူ မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် မဖြစ်ပွားရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကိုင်တွယ်သင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံများအနေဖြင့် စစ်တပ်၏ နိုင်ငံရေးတွင်ပါဝင်မှု အခြေခံကို နားလည်ရမည်ဟု ပြောဆိုသွားသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အဓိက ရည်မှန်းချက်မှာ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုနှင့် ပြည်တွင်းစစ်ကို ပိုမိုရှောင်ရှားရန် ဖြစ်သင့်သည်ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ် သံအမတ်ကြီးက သောကြာနေ့တွင် ပြောကြားခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာ့အရေး တံခါးပိတ်အစည်းအဝေးပြုလုပ်ပြီးနောက် သတင်း ထောက်များကို အထက်ပါအတိုင်း တရုတ် Zhang Jun က ပြောဆိုခြင်းဖြစ်ပြီး မြန်မာ့အရေးကြိုးပမ်းအားထုတ်မှုများသည် “အမှန်တကယ် အကျိုးဖြစ်ထွန်းငြိမ်းချမ်းရေး ရလိမ့်မည်ဟု မျှော်လင့်ကြောင်း” ပြောကြားဆိုသည်။

အရှေ့တောင် အာရှဒေသတွင်း အုပ်စု ASEAN သည် မြန်မာ့အရေး ဖြေရှင်းရေးအတွက် ကြိုးပမ်းနေပြီး သံအမတ်ကြီး Zhang ကလည်း တရုတ်နိုင်ငံအနေဖြင့်လည်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သင့်သည်ဟု ယုံကြည်ကြောင်း ပြောဆိုသည်။
လက်ရှိတွင် အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားက ဝန်ကြီးချုပ် ဟွန်ဆန်ကက နိုင်ငံခြားရေး ၀န်ကြီး Prak Sokhonn ကို အာဆီယံ၏ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားသည်။

တရုတ်သံအမတ် Zhang က ဘေဂျင်းက ဟွန်ဆန်၏ ကြိုးပမ်းအားထုတ်မှုများကို ကြိုဆိုကြောင်းနှင့် ၎င်း၏ ခရီးစဉ်သည် “အတော်လေး ကောင်းမွန်ပြီး အကျိုးဖြစ်ထွန်းသည်” ဟု ပြောဆိုကာ “ဆက်လက်၍ ကြိုးပမ်းအားထုတ်ရန်တိုက်တွန်းသည်။

မြန်မာ့သမိုင်းနောက်ခံ၊ “ထူးခြားသောနိုင်ငံရေးဖွဲ့စည်းပုံ” နှင့် အဆိုပါဖွဲ့စည်းပုံတွင် တပ်မတော်ပါဝင်သည့် အခန်းကဏ္ဍကို အဖွဲ့ဝင်နိုင်ငံများက နားလည်ရန် လိုအပ်ကြောင်းနှင့် အဆိုပါ နားလည်မှုကို အခြေခံမှသာ အဖြေရှာနိုင်သည်” ဟု Zhang က ပြောဆိုသည်။

“တချို့လူတွေက (အခုအခြေအနေမျိုးတွေကို မကြိုက်ကြဘူး) ဒါပေမယ့် သတိပြုရမယ့်အချက်ကတော့ အခြေအနေ ပိုဆိုးလာတာကို ရှောင်သင့်တယ်၊ အကြမ်းဖက်မှုတွေ ထပ်မဖြစ်အောင်၊ ပြည်တွင်းစစ်ကို ရှောင်ရှားသင့်တယ်လို့ ထင်ပါတယ်။ အဲဒါက ကျနော်တို့ စိတ်ထဲမှာ ဆောင်ထားသင့်တဲ့ အဓိက ပန်းတိုင်”ဟု ၎င်းက ဆိုသည်။ 

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article