25 C
Yangon

ဝက်လက် သစ်ဆိမ့်ကြီးရွာကို စစ်တပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်သောကြောင့် အရပ်သား ပြညသူ ၃ဦး သေနတ်ကျည် ထိမှန်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် သစ်ဆိမ့်ကြီး ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၁နာရီခန့်က စတင်ကာ မော်တော်များဖြင့် ရောက်ရှိလာကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကျေးရွာတွင်းသို့ အကြောင်းမဲ့ ပစ်ခတ်ခဲ့ပြီး အရပ်သား ပြည်သူ ၃ဦး သေနတ်ကျည် ထိမှန်ခဲ့ကြောင်း ဝက်လက် သတင်းမှန် ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

” စစ်ခွေးတွေက ရွာထဲကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အကြောင်းမဲ့ ပြစ်နေတော့ ပြည်သူတွေလည်း ပြေးရတာပေါ့။ အဲလို ထွက်ပြေးတိမ်းရှောင်တဲ့ ထဲကမှ ပြည်သူတွေ လိုက်ပါလာတဲ့ ကားနှစ်စီးကို နံနက် (၄)အချိန်လောက်မှာ သေနတ်နဲ့ ဆက်တိုက် ပစ်တာ အမျိုးသား ၁ဦးနဲ့ အမျိုးသမီး၂ ဦး ကျည်ထိမှန် ဒဏ်ရာရတယ်။ အမျိုးသားကိုတော့ မန္တလေးဆေးရုံကို လွှဲလိုက်ပြီးလို့ သိရတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် သစ်ဆိမ့်ကြီးကျေးရွာကို မော်တော်ပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြိမ် ၁၀၀ ခန့်ပစ်ခက်ခဲ့ပြီး လက်ရှိချိန်တွင် ကျေးရွာအတွင်း ပြည်သူပိုင် နေအိမ်များကို ဝင်ရောက်မွှေနှောက်ကာ ခိုးယူ လုယက်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article