25 C
Yangon

မြစ်ကြီးနား Asia Energy ဆီဆိုင်ရှေ့ရှိ MPT ဆက်သွယ်ရေးပုံး မိုင်းခွဲခံရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ် Asia Energy ဆီဆိုင်ရှေ့ရှိ MPT ဆက်သွယ်ရေးပုံးကို ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် မိုင်းဖောက်ခွဲတစ်ရပ်ဖြစ်ပွားခဲ့ကြောင်း ဒေသ ခံထံမှ သိရှိရသည်။ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၃ နာရီ ဝန်းကျင် မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်နှင့် မြို့သစ်ကြီးရပ်ကွက် လမ်းဆုံရှိ Asia energy ဆီဆိုင် ရှေ့ ရှိ MPT ဆက်သွယ်ရေး ပုံး မိုင်းခွဲဖျက်ဆီးခံရကြောင်း၊ ဆက်သွယ်ရေး စက် ပုံး မိုင်းခွဲခံရချိန်တွင် မိုင်းအပိုင်းအစများ အနီးရှိ နေအိမ် တံခါး သံပေါင် ၊မှန် ၊ သွပ်မိုး ၊ပြတင်းပေါက် သံပေါင် နှင့် Asia energy ဆီဆိုင် များဆီသို့ လွင့်စင်ပြီး ပျက်စီးမှုတချို့ရှိကြောင်း သိရှိရသည်။ “မိုင်းကွဲသံက အရမ်းကျယ်တယ်။ မနက်အစောကြီးကွဲတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဇန်နဝါရီလ ၂၇ ရက်နေ့ ည ၈ နာရီခန့်အချိန် မြစ်ကြီးနား မြို့ အင်ဂျန်ဒုံ တပ်ကုန်းရပ်ကွက် အနီး တွင် ဗုံးကွဲသံ သေနတ်ပစ်သံများ အဆက်မပြတ် ထွက်ပေါ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article