25 C
Yangon

မန္တလေးတွင် ဆိုင်ကယ်ရပ်မပေးသဖြင့် ကြံ့ခိုင်ရေးပါတီဝင် ငြိမ်းချမ်းဝင်းကို စစ်တပ်က ပစ်သတ်၊ ကိုယ်ဝန်ဆောင်ဇနီးသည် ဆိုင်းမင်းသမီး နှင်းပွင့်ဖြူ ကျန်ရစ်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

မန္တလေးတွင်ဇန်နဝါရီလ ၂၇ ရက်နေ့ ညပိုင်း ဆိုင်ကယ်စီးလာသော ကြံ့ခိုင်ရေးပါတီဝင် ကိုငြိမ်းချမ်းဝင်းကို ဆိုင်ကယ်ရပ်မပေးသဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်က ပစ်သတ်လိုက်ကြောင်း ဒေသခံများက ပြောကြားသည်။ သေဆုံးသွားသူမှာ စစ်ကိုင်းမြို့၊ ဧမြဝတီရပ်ကွက်တွင် နေထိုင်သူ ကိုငြိမ်းချမ်းဝင်းဆိုသူဖြစ်ပြီး အမျိုးသမီးဖြစ်သူနှင့် ရန်ဖြစ် စိတ်ဆိုးပြီး ဆိုင်ကယ်နှင့် ထွက်သွားစဉ် ပစ်တတ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။ “သူ့အိမ်မှာ ကြံ့ဖွံ့ရပ်ကျေးဆိုင်းဘုတ်ထောင်ထားပါတယ်။ ဆိုင်းမင်းသမီး နိုင်မြန်မာ နှင်းပွင့်ဖြူရဲ့ အမျိုးသားပါ” ဟု ဒေသခံ တစ်ဦးက ပြောဆိုသည်။ သေဆုံးသွားသူ၏ ယောက္ခမဖြစ်သူမှာလည်း ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်ပြီး သေဆုံးချိန်တွင် အမျိုးသမီးဖြစ်သူမှာ ကိုယ်ဝန်နှင့် ကျန်ခဲ့ကြောင်း၊ စစ်ကောင်စီ သတင်းပေးဟု အရပ်ထဲတွင် သတင်းထွက်မှုတော့ မရှိကြောင်း ဒေသခံများထံမှာ သိရှိရသည်။ အကြမ်းဖက် ဖက်ဆစ် စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ကိုငြိမ်းချမ်းဝင်းကို ဇန်နဝါရီလ ၂၈ ရက် နံနက်ပိုင်းတွင် မန္တလေးမြို့တွင် သင်္ဂြိုဟ်ခဲ့သည်။

ဓာတ်ပုံ- စစ်တပ်က ပစ်သတ်လိုက်သော ကြံ့ခိုင်ရေးပါတီဝင် ငြိမ်းချမ်းဝင်း နေထိုင်သည့် စစ်ကိုင်းမြို့နယ်၊ ဧမြ၀တီရပ်ကွက်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article