25 C
Yangon

ရန်ကုန် ကမာရွတ်မြို့နယ်၊ ရွှေပိတောက်အိမ်ရာအတွင်းသို့ စစ်တပ်က ဝင်စီးပြီး လူငယ် ၁ ဦးကို ပစ်သတ်၊ ၄ ဦးကို ဖမ်းဆီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ ရွှေပိတောက်ရိပ်မွန်အိမ်ရာဝင်းအတွင်းသို့ စစ် တပ်က ယနေ့ နံနက် ၁ နာရီအချိန်ဝင်ရောက်စီးနင်းပြီး လူငယ် ၁ ဦးကို ပစ်သတ်ကာ ၄ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်တွင် ကမာရွတ်မြို့နယ် ဘုရင့်နောင်လမ်းမ ရွှေပိတောက်ရိပ်မွန် အိမ်ရာဝင်းအတွင်း စစ်တပ်က အင်အား ၂၀ ကျော်ဖြင့် ဝင်ရောက်စီးနင်းကြောင်း၊ ယင်းနောက် ပစ်ခတ်သံ ၁၀ ချက် ထက်မနည်းကြားရပြီး လူငယ် ၁ ဦး ပစ်သတ်ခံရကြောင်း၊ ၄ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများက ဆိုသည်။ “စစ်တပ်က ရေကျောင်းသိပ္ပံကောလိပ်ရှေ့ ရွှေစံပယ်အိမ်ရာမှာစစ်ကားတွေရပ်ပြီး စစ်သားတွေက ရွှေပိတောက် အိမ်ရာထဲကို ဝင်ဖမ်းတာ ။ လူငယ် ၁ ဦးသေပါတယ်။ ၄ ဦး အဖမ်းခံရပါတယ်။ သေနတ်ပစ်သံ ၁၁ ချက်လောက်ကြားရတယ်။ အဲဒီနေရာက ကမာရွတ်မြို့နယ် အမှတ် ၄ ရပ်ကွက်ထဲမှာ ပါတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။အကြမ်းဖက်စစ်ကောင်စီတပ်များသည် ညအချိန်တွင် လူနေအိမ်များ ၊ ရပ် ကွက်များကို ဝင်ရောက်စီးနင်းပြီး ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်မှုများကို ဆက်တိုက်ဆိုသလိုလုပ်ဆောင်လျက်ရှိကြောင်း ရန်ကုန်မြို့ခံများထံမှ သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်က ဝင်ရောက်စီးနင်းသည့် ရွှေပိတောက်ရိပ်မွန် အိမ်ရာ ဆိုင်းဘုတ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article