25 C
Yangon

ဟိုပင်တွင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှုနှင့် စစ်ကောင်စီတပ်ဖွဲ့များ ရှိရာ တိုးလ်ဂိတ်ကို တိုက်ခိုက်မှုတွင် စစ်ကြောင်းမှူး၊ ဒု-စစ်ကြောင်းမှူးများအပါအဝင် ၁၄ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီလ ၂၉

ကချင်ပြည်နယ်၊ မိုးညှင်းဘက်မှ ထွက်ခွာလာခဲ့သော သံချပ်ကာအမြှောက်ကားများပါဝင်သည့် စစ်ကောင်စီယာဉ်တန်းကို ယမန်နေ့ ဇန်နဝါရီလ ၂၈ ရက်၌ ဟိုပင်မြို့နယ်၊ ငါးမိုင်နှင့် ကြာကြီးကွင်းကြားတွင် မိုင်းဆွဲတိုက်ခိုက်မှုနှင့် စစ်ကောင်စီတပ်ဖွဲ့များ စခန်းချထားသော တိုးလ်ဂိတ်ကို ပစ်ခတ်တိုက်ခိုက်မှုများတွင် စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူး၊ ဒု-စစ်ကြောင်းမှူးများအပါအဝင် ၁၄ ဦး သေဆုံးခဲ့ကာ ၃၂ ဦး ခန့် ဒဏ်ရာရကြောင်း ဟိုပင် PDF က သတင်းထုတ်ပြန်သည်။ဇန်နဝါရီလ ၂၈ ရက် မွန်းလွဲ ၁ နာရီခန့်တွင် မိုးညှင်းမှ မိုးကောင်းဘက်သို့ ထွက်ခွာလာသော သံချပ်ကာအမြှောက်ကားများပါ စစ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ဟိုပင် PDF တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီက သံချပ်ကာ အမြှောက်ကားများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့များ စခန်းချရာ တိုးလ်ဂိတ်ကိုလည်း KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။”စကစဘက်က လက်နက်ကြီးတွေတင့်ကားတွေနဲ့ ပြန်လည် ခုခံပစ်တယ်။ PDF နဲ့ KIA ဘက်မှာ ထိခိုက်မူမရှိပါဘူး။ ငါးမိုင်နှင့်ကြာကြီးကွင်းရွာအကြား၊ ဟိုပင် တိုးလ်ဂိတ်၊ နှစ်နေရာမှာ PDFနဲ့ KIA ပူးပေါင်း တိုက်ခိုက်မူကြောင့် စကစဘက်မှ အတော် ထိခိုက်သွားတယ်။ ကတ္တရာလမ်းမှာသွေးတွေ ပုံသွားတာပဲ။ စကစဘက် က ခွေးအလောင်းတွေကို ကားတွေနဲ့ သယ်သွားတယ်” ဟု ဟိုပင် PDF တပ်ဖွဲ့ဝင် ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ ယမန်နေ့က ပြောဆိုထားသည်။အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် မိုးညှင်း-မိုးကောင်းမှတဆင့် မြစ်ကြီးနားဘက်သို့ လူအင်အားနှင့် ရိက္ခာပို့ဆောင်သည့် ယာဉ်တန်းဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုပြီး ယနေ့နံနက်ပိုင်းတွင်လည်း မြစ်ကြီးနား-မိုးကောာင်း-ဖားကန့် လမ်းပိုင်းကို ပိတ်ထားပြီး အများပြည်သူ ခရီးသွားကားများကို သွားလာခွင့်မပြုကြောင်း ကချင်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဓါတ်ပုံ – ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article