25 C
Yangon

ဖာပွန်မြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအားလုံး ဖေဖော်ဝါရီ ၁၀ ရက်နေ့ နောက် ဆုံးထား ထွက်ခွာသွားကြရန်၊ မလိုက်နာလျှင် အရေးယူမည်ဟု KNU တပ်မဟာ ၅ က သတိပေး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၀

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်တွင် တာဝန် ထမ်းဆောင်နေသော အရပ်ဘက် ဆိုင်ရာ ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံး နေထိုင်ရာ ဒေသများသို့ ရေလမ်းခရီးဖြင့် သတ်မှတ်ပေးထားသော နေ့ရက်အချိန်များတွင် ထွက်ခွာသွားကြရန် KNU တပ်မဟာ ၅ က သတိပေးချက် တစ်ရပ် ဇန်နဝါရီလ ၂၉ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သည်။

ဖာပွန်မြို့မှ သတ်မှတ်ထားသည့် နေ့ရက်အတွင်း ထွက်ခွာသွားကြရန်နှင့် မြို့ခံ ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်ခြင်း ရှောင်ရှားကြရန် အသိပေးကြောင်း၊ လိုက်နာမှုမရှိလျှင် ထိရောက်စွာ အရေးယူ မည်ဖြစ်ကြောင်း သတိပေးထားသည်။

ဌာနအရပ်ဘက်ဝန်ထမ်းများအနေဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဖေဖော် ဝါရီလ ၁၀ ရက်နေ့အတွင် ထွက်ခွာကြရန် KNU တပ်မဟာ ၅ က အချိန်သတ်မှတ်ပေးထားကြောင်း သိရှိရသည်။ 

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article