25 C
Yangon

ပုလဲ၊ မင်းတုန်းနှင့်မြိုင်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်းသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၀

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့်မင်းတုန်းမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်းသေဆုံးကြောင်းဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ ဇန်နဝါရီ ၂၉ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်တွင် အောင်ဆန်းတပ်ဖွဲ့ နှင့် ပုလဲ ပ.က.ဖ မဟာမိတ်တပ်ပေါင်းစုသည် စစ်တပ်နှင့်ပျူစောထီး များ အခြေချရာ ဇီးဖြူကုန်းရွာကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးကြောင်း ထုတ်ပြန်သည်။ အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ဇန်နဝါရီလ ၂၉ ရက်နေ့ သပြေညိုရေနံမှော်နှင့် ရေကား​ရေနံမှော်ကြားတွင် ခြေလျင်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အင်အား ၁၀၀ ခန့်ကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ဒဏ်ရာရှိသူများလည်းရှိကြောင်း မြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။အလားတူ မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင် ဇန်နဝါရီလ ၂၉ ရက်နေ့ ည ၈ နာရီ ဝန်းကျင် အချိန် စစ်ကောင်စီတပ်များနှင့် PDF များ တိုက်ပွဲဖြစ်ပွားကြောင်း၊ စစ်ကောင်စီဘက်မှ အများအပြားသေဆုံးပြီး PDF ဘက်မှလည်း ၂ ဦး သေဆုံးကြောင်း သိရှိရသည်။ “ဒီည ၈နာရီဝန်းကျင် ငကုန်း (အရှိုချင်းရွာ) အနီး PDF (PDFမင်းတုန်းအနောက်ပိုင်း)နဲ့ စစ်ခွေးတွေ တိုက်ပွဲဖြစ်ပါတယ်။ စစ်သား အများအပြား ဒဏ်ရာရပြီး မင်းတုန်းမြို့နယ်ဆေးရုံကို FAWကားနဲ့ တင်လာရတယ်။ စစ်ခွေး သေဆုံးမှု အတိအကျ မသိရသေးပေမယ့် PDF နှစ်ယောက် တိုင်းပြည်အတွက် ကျဆုံးအသက်ပေးသွားပါတယ်” ဟု PDF သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်သားများ။
Photo – Agencies

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article