25 C
Yangon

မြိုင်၊ လင်းကတော ရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်စဉ် ရဲများ ထွက်ပြေးသွားပြီး သေနတ် ၉ လက်အပါအဝင် ခဲယမ်းများ သိမ်းဆည်းရမိ (ရုပ်/သံ)

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၀

မြိုင်မြို့နယ်၊ လင်းကတော ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက် မွန်းလွဲပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဆိုပါ စခန်းကို မီးရှို့ဖျက်ဆီးခဲ့သည်။၁ နာရီခန့် တိုက်ပွဲဖြစ်ပွားပြီးနောက် အဆိုပါ စခန်းရှိ မိသားစုဝင်များကို ဖမ်းဆီးရမိသော်လည်း ပြည်သူလူထုဘက်တွင် ရပ်တည်ကြရန် မှာကြားပြီး လွှတ်ပေးခဲ့ကြောင်း မြိုင် PDF က သတင်းထုတ်ပြန်သည်။အဆိုပါ လင်းကတော ရဲစခန်းကို မြိုင်၊ ရေစကြို၊ ဆာလင်းကြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားကာ G-3 ၅ လက်နှင့် ကျည် ၄၀၀၊ အူစီ ၃ လက်နှင့် ကျည် ၂၀၀၊ ခြောက်လုံးပျူး ၁ လက်၊ ဗုံးသီး ၇ လုံး၊ လက်တော့ ၂ လုံး ၊ပရင်တာ ၁ လုံး ၊ဆိုင်ကယ် ၄ စီး သိမ်းဆည်းရမိခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article