28 C
Yangon

ရေဖြူ၊ မောင်မယ်ရှောင်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီ စစ်ကား ၁ စီး ကို DGRF က မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၀

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် မောင်မယ်ရှောင်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီ စစ်ကား ၁ စီးကို ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်၌ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ DGRF က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါ စစ်ကောင်စီ ကားသည် ထားဝယ်မှ ရေဖြူသို့လာစဉ် မောင်မယ်ရှောင်ကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်။”၂ ဦး နှင့်အထက် သေဆုံးပြီး ထိခိုက်ဒဏ်ရရတာများတယ်လို့ပဲ ပြန်သိရပါတယ်ခင်ဗျား၊ နောက်ကယာဉ်တန်းထပ်ပါလာတာကြောင့် စောင့်ကြည့်ဖို့အချိန်မရလိုက်လို့ပါ” ဟု DGRF သတင်းပြန်ကြားရေးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ကားလမ်းပေါ်တွင် မှန်ကွဲစအများအပြား တွေ့ရှိကြောင်းနှင့် သေနတ်ပစ်ခတ်သံများ ကြားခဲ့ရကြောင်း ထားဝယ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article