25 C
Yangon

ခင်ဦး မဒေါင်းလှနှင့် ညောင်ကန် ရွာရှိ ပျူစောထီး အဖွဲ့ဝင် ၃ဦး ပစ်သတ်ခံရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၀

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မဒေါင်းလှနှင့် ညောင်ကန် ရွာက လက်နက်ကိုင် ပျူစောထီး သက်မာ၊ ဇာနည်အောင်နှင့် အဖွဲ့ဝင် ရဝေအောင်တို့ ၃ဦးကို ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် နယ်မြေခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း နယ်မြေခံ ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

မဒေါင်းလှကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ အကြောင်းမဲ့ ဖမ်းဆီးခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ၏ နေအိမ်များရှိ ရွှေ၊ ငွေ၊ ဆန်၊ ဆီ၊ စပါး၊ ပစ္စည်းများနှင့် မြေဆီအိတ်များပါမကျန် ခိုးယူနေသည့် လက်နက်ကိုင်ဆောင်ထားသည့် အမျိုးသမီး ပျူစောထီး အဖွဲ့ဝင် သက်မာ ယနေ့ နံနက် ၁၁နာရီ ၃၀မိနစ်ခန့်တွင် OMC မူးဘောင်ပေါ် တစ်နေရာတွင် နယ်မြေခံ ကာကွယ်ရေး တပ်ဖွဲ့များမှ သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ မဒေါင်းလှကျေးရွာရှိ လက်နက်ကိုင် ပျူစောထီးအဖွဲ့ဝင် ဇာနည်အောင်ကိုလည်း နယ်မြေခံ ကာကွယ်ရေး တပ်ဖွဲ့က OMC မူးဘောင်ပေါ်တွင် သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့သည်။

ထို့ပြင် ညောင်ကန်ကျေးရွာရှိ ပျူစောထီး အဖွဲ့ဝင် ရဝေအောင်ကို ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် နံနက် ၁၀ နာရီခန့်တွင် နယ်မြေခံ ကာကွယ်ရေး တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article