25 C
Yangon

နေပြည်တော်၊ ပျဉ်းမနားတွင် ဖေဖော်ဝါရီ ၁ အသံတိတ်သပိတ်နေ့တွင် အရက်ဆိုင်များ မပိတ်ရေး စစ်ကောင်စီက ခေါ်ယူ ခြိမ်းခြောက်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၀

နေပြည်တော်၊ပျဉ်းမနားတွင် စစ်အာဏာသိမ်းမှု ၁ နှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက်နေ့၊ အသံတိတ် သပိတ်နေ့တွင် အရက်ဆိုင်များ မပိတ်ရန် မြို့နယ်စစ်ကောင်စီက ခေါ်ယူ ခြိမ်းခြောက်လျက်ရှိကြောင်း စားသောက်ဆိုင် ပိုင်ရှင်တချို့ထံမှ သိရှိရသည်။ ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ယင်းကဲ့သို့ မြို့နယ်ကောင်စီက ခေါ်ယူ သတိပေးခြင်းဖြစ်ပြီး ဆိုင်ပိတ်ပါက ယစ်မျိုးလိုင်စင်ပါ ပိတ်သိမ်းမည်ဖြစ်ကြောင်း၊ အခြားသော ဥပဒေများဖြင့်လည်း အရေးယူ ခံရမည်ဖြစ်ကြောင်း၊ ယစ်မျိုးလိုင်စင်များကို အခွန်ဆောင်ပြီး သက်တမ်းတိုးကြရန်လည်း ဖိအားပေး ခြိမ်းခြောက်ပြောဆိုကြောင်း သိရှိရသည်။ “ခု မနက် ပျဥ်းမနားမြို့ရှိ စုပေါင်းရုံးမှာ ယစ်မျိုးလိုင်စင် ရှိတဲ့ ဆိုင်ပိုင်ရှင်တွေကိုခေါ်ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဆိုင်မပိတ်ဖို့ နဲ့ ပိတ်ရင်အရေးယူမယ်လို့ ခေါ်ပြောတယ်” ဟု ပျဉ်းမနား စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတစ်ဝန်းလုံးတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ အသံတိတ် သပိတ် ပြည်သူများ ပါဝင်ခြင်းမပြုရန် ပုံစံမျိုးဖြင့် ခြိမ်းခြောက်အကျပ်ကိုင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- အရက်ဆိုင်တစ်ခုမြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article