25 C
Yangon

လွိုင်ကော်တွင် ယနေ့ တိုက်ပွဲ စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးပြီး KNDF ရဲဘော် ၁ ဦးကျဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၀

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် ယနေ့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးပြီး KNDF ဘက်မှ ရဲဘော်တစ်ဦးကျဆုံးကြောင်း KNDF က သတင်းထုတ်ပြန်သည်။

ယနေ့ဇန်နဝါရီလ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေကျေးရွာအုပ်စု ကုန်းဆွတ် ကျေးရွာအနီးတွင် စစ် ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များကို ကရင်နီတပ်မတော် (KA)နှင့် KNDF တို့မှ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲမှာ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ် မှ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် အထိကြာမြင့်ခဲ့ပြီး၊ လွိုင်လင်လေးဖက်မှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အများအပြား အင်အားဖြည့် တင်းထိုးစစ်ဆင်တိုက်ခိုက်သဖြင့် တပ်ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။

ထိုတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ (၆) ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများ ရှိကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များကိုခုခံတိုက်ခိုက်ရင်း မိမိတို့ဘက်မှ ရဲဘော် တစ်ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ယနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် လွိုင်ကော်မြို့နယ်၊ ခလရ(၂၆၁) တပ်ရင်းအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် (KA)၊ KNDF တို့ တိုက်ပွဲတစ်နာရီကြာ ဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ ထိခိုက်ကျဆုံးမှုများရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ တပ်မ (၅၅)မှ တပ်ရင်းသည် လွိုင်ကော်မြို့၊ နာနတ်တော ရပ်ကွက်နှင့် ဘာဒိုကျေးရွာတို့တွင်စစ်ကြောင်းထိုးလျက်ရှိကြောင်း၊ ရပ်ကွက်နှင့် ကျေးရွာအတွင်းရှိ ပြည်သူများကို အကြမ်းဖက်စစ်ကောင်စီတပ်များက ပစ်မှတ်ထား တိုက်ခိုက် သတ်ဖြတ်မှုများကြောင့် ထွက်ပြေးသိမ်းရှောင်နေရကြောင်း KNDF က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်နေသော KNDF ရဲဘော်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article