25 C
Yangon

ပုလဲမြို့နယ်၊ အင်မထီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့ဝင်တိုက်ရာ စစ်တပ် အထိနာ၍ ရဟတ်ယာဉ်ဖြင့် ဗုံးလာကျဲ၊ ကျောက်ဆည်တွင်လည်း မိုင်းကွဲပြီး စစ်သား ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၀

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က ဝင်တိုက်ခိုက်ပြီး စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ယနေ့ ဇန်နဝါရီ ၃၀ ရက်နေ့ ည ၇ နာရီခွဲ ဝန်းကျင်တွင် လာရောက် ပစ်ခတ်ကြောင်း ဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်အချိန်မှစတင်ပြီး ပုလဲမြို့နယ်၊အင်မထီးရွာမှ ပျူစောထီး သင်တန်းပေးနေသည့် စစ်ကောင်စီတပ်စခန်းကို PDF ပူးပေါင်းတပ်များက တိုက်ခိုက်ကြကြောင်း၊ စစ်ကောင်စီတပ်များ ညနေ ၆ နာရီကျော်တွင် ထွက်ပြေးသွားကြပြီး ည ၇ နာရီခွဲတွင် ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ကြောင်း ဒေသကာကွယ်ရေးတပ်သားတချို့ကပြောသည်။

အင်မထီးကျေးရွာ စစ်ကောင်စီတပ်စခန်းကို ကျားသစ်နတ်အဖွဲ၊ PRA ၊ ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဌာနချုပ်၊ LPDF များက ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ဇန်နဝါရီလ ၃၀ ရက်နေ့ ၁၁နာရီအချိန်တွင် ကျောက်ဆည်မြို့မြောက်ဘက် (၁၄) ခြေမြန်တပ်ရင်း စစ်ဆေးရေးဂိတ်ကို ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ တိုက် ခိုက်မှုကြောင့် စစ်သား ၁ ဦးသေဆုံးပြီး၊ ယာဉ်ထိန်းရဲ ၂ ဦး မျက်နှာမိုင်းထိမှန်ကြောင်း Kyaukse District Defense Force – KDD က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article