27 C
Yangon

ကချင်လွတ်မြောက်နယ်မြေဖြစ်သည့် KIA နယ်မြေမှ PDF များ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၄

KIA ထိန်းချုပ်ထားသည့် ကချင်လွတ်မြောက်နယ်မြေတွင် KIA ကြီးကြပ်မှုဖြင့် PDF တပ်ဖွဲ့များကို ဖွဲ့စည်းထားရှိကြောင်း KIA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ထုတ်ဖော်ပြောဆိုခဲ့ပြီးဖြစ်သည်။

ကချင်သတင်းမီဒီယာတချို့တွင်လည်း KIA က PDF များကို စစ်သင်တန်းပေးသည့် ဗီဒီယိုများမြင်တွေ့ရပြီး သွေးသစ္စာသီချင်းဖြင့် စစ်ရေးလေ့ကျင့်မှု လုပ် ဆောင်ကြသည်ကို ဗီဒီယိုတွင်မြင်တွေ့ရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် အဆိုပါ ဗီဒီယိုများ ရိုက်ကူးထားချိန်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးသော် လည်းကချင် သတင်းရင်းမြစ်များက ယင်းဗီဒီယိုမှာ KIA က လေ့ကျင့်ပေး ခဲ့သည့် PDF သင်တန်းသားများဖြစ်ကြောင်း အတည်ပြုကြသည်။

ကချင်ပြည်နယ်တွင် PDF တပ်များသည် လက်မောင်းတွင် PDF တံဆိပ်နှင့် KIA တံဆိပ်တို့ကို တစ်ဖက်တစ်ချက်စီတွင် တပ်ဆင်၍ KIA တပ်များနှင့်အတူ စစ်ကောင်စီတွန်းလှန်ရေး တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်လျက်ရှိနေပြီဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ နီးစပ်သော သတင်းရပ်ကွက်များ၏ အဆိုအရ မြန်မာနိုင်ငံတစ်ဝန်း PDF အင်အား သိန်းချီရှိကြောင်း သိရှိရသည်။ Video Credit- ကချင်မြေ Global Media

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article