29 C
Yangon

တီးတိန်မြို့နယ်တွင် ၃ ရက်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်းသေဆုံး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ကာကွယ်တပ်ဖွဲ့ဝင် ၇ ဦး ဒဏ်ရာရ (ရုပ်/သံ)

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၅

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကလေး-တီးတိန်ကားလမ်းတလျှောက် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CDM Siyin၊ ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များကြား ဇန်နဝါရီလ ၁၃ ရက်မှ ၁၅ ရက်နေ့အထိ တိုက်ပွဲများပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ၁၀ ဦးထက်မနည်းသေဆုံးကြောင်း CDM Siyin က သတင်းထုတ်ပြန်သည်။

တိုက်ပွဲများအတွင်း အထိနာသော စစ်ကောင်စီတပ်သည် ယနေ့ ဇန်နဝါရီလ ၁၅ ရက် မွန်းလွဲပိုင်းတွင် လေကြောင်းမှတဆင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၇ ဦး ဒဏ်ရာပြင်းထန်ကြောင်း သိရှိရသည်။”Siyin နယ်၊ ဟိန်ဇင်နဲ့ သိုင်းငင်းရွာကြား မှာ CDM (Siyin)၊ မဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ဒီနေ့ဆိုလည်း မနက်က ၇ နာရီခွဲလောက်က စပြီး တိုက်ပွဲဖြစ်တယ်။

စစ်ကောင်စီတပ်က ခိုင်ကမ်းမြို့မှာရှိတဲ့ တက္ကသိုလ်ကနေလည်း လက်နက်ကြီးတွေ ပစ်ကူတယ်။ ဒီနေ့ဆိုရင် စစ်ကောင်စီက လေယာဉ်တွေ ၂ ခါလာတယ်၊ ပထမ တခါက ရာသီဥတု မကောင်းလို့ ပြန်လှည့်သွားတယ်၊ မွန်းလွဲပိုင်းမှာ ထပ်လာပြီး လေယာဉ်နဲ့ ပစ်တာ ဒီဘက်က ၇ ယောက် ဒဏ်ရာပြင်းထန်တယ်၊ နယ်မြေရှင်းတော့ သေနတ် ၂ လက်၊ အလောင်း ၂ လောင်း တွေ့တယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ဆိုသည်။

ကလေးမြို့ဘက်မှ တက်လာသော အကြမ်းဖက်စစ်ကောင်စီ အင်အား ၁၀၀ ကျော်နှင့် CDM Siyin၊ PDF Zoland၊ PDA၊ CNDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၃ ရက်နေ့တွင် ၇ ဦး၊ ၁၄ ရက်နေ့တွင် ၁ ဦး၊ ၁၅ ရက်နေ့တွင် ၂ ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။ဇန်နဝါရီလ ၁၃ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ထေးဇန်ရွာအနီး ဖြစ်ပွားသော တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီမှ ၇ ဦး သေဆုံးခဲ့ပြီး ထေးဇန်ရွာရှိ နိုင်ငံတော်ပိုင် ကော်ဖီခြံရှေ့ ဝန်ထမ်းနေအိမ် ၃ လုံးနှင့် ဂိုထောင် ၁ လုံးကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ ဖျက်ဆီးသွားခဲ့သည်။

နိုင်ငံတော်ပိုင် ကော်ဖီခြံ အဆောက်အဦးများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့ဖျက်ဆီးခြင်းသည် မှားယွင်းမီးရှို့ခြင်းလော ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကို နာမည်ဖျက်ချင်ခြင်းလော သီးခြားအတည်မပြုနိုင်ပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article