30 C
Yangon

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အားလုံးနှင့်တွေ့ဆုံဆွေးနွေးရေး  အာဆီယံဘုံသဘောတူညီချက် စစ်ကောင်စီ မလုပ်ဆောင်သရွေ့ အစည်းအဝေးများ တက်ခွင့်မပေးသင့်ဟု စင်ကာပူဝန်ကြီးချုပ်က ဟွန်ဆင်ကို အသိပေး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၆ 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အားလုံးနှင့်တွေ့ဆုံဆွေးနွေးရေး အပါအဝင် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို စစ်ကောင်စီက အကောင်အထည်ဖော်ခြင်း မရှိသရွေ့ အာဆီယံထိပ်သီးအစည်း အဝေးများ တက်ခွင့်မပေးသင့်ကြောင်း စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောဆိုလိုက်သည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆင်နှင့် စင်ကာပူဝန်ကြီးချုပ်တို့ မြန်မာ့အရေး ဆွေးနွေးစဉ် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။  

အာဆီယံအနေဖြင့်  သဘောတူညီထားသည့် ဘုံသဘောတူညီချက်များကို စစ်ကောင်စီဘက်က ပူးပေါင်းဆောင်ရွက်ခြင်းမပြုမချင်း အာဆီယံအစည်းအဝေးများတွင် ချန်လှပ်ထားမှုများ ဆက်လက်လုပ်ဆောင်သင့်သည်ဟု စင်ကာပူခေါင်းဆောင်ပြောဆိုသည်။

ဟွန်ဆန်သည် ဇန်နဝါရီလ ၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ အငြင်းပွားဖွယ် ခရီး စဉ်သွားရောက်ခဲ့ပြီး အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးမှ ဖယ် ထုတ်ခံထားရသော မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။ 

မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ဟွန်ဆန်အနေဖြင့် မြန်မာနိုင်ငံခရီးစဉ် မတိုင်မီ အာဆီယံ နိုင်ငံခေါင်းဆောင်များနှင့် ဆွေးနွေးသင့်သည်ဟု ဝေဖန်သည်။ 

နိုဘယ်ဆုရှင် အစိုးရခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အပါအဝင်  “သက် ဆိုင် သူအားလုံး” ထိတွေ့ဆက်ဆံရန် လိုအပ်ကြောင်း စင်ကာပူဝန်ကြီးချုပ်က ဟွန်ဆန်ကို ပြောဆိုသည်။ 

အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယား၏ အဆိုပြုချက်အားလုံးကို အာဆီယံနိုင်ငံ ခြားရေး ဝန်ကြီးများအကြားတွင် ဆက်လက်ဆွေးနွေးသင့်သည်ဟု စင်ကာပူဝန် ကြီးချုပ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article