35 C
Yangon

KNU မူတြော်ခရိုင်တွင် ၁၅ ရက်အတွင်း တိုက်ပွဲ ၁၁၉ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီနှင့် BGF မှ ၅၄ ဦး သေဆုံး ၄၈ ဦး ဒဏ်ရာရ၊ KNLA ရဲဘော် ၁ ဦး ကျဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၆

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ မူတြော် (ဖာပွန်) ခရိုင်အတွင်း ဇန်နဝါရီလ ၁ ရက်မှ ၁၅ ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၊ ခါးပိုက်ဆောင် BGF တပ်ဖွဲ့များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကြား တိုက်ပွဲ ၁၁၉ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၅၄ ဦး သေဆုံးကာ ၄၈ ဦး ဒဏ်ရာရရှိကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

ယင်းတိုက်ပွဲများအတွင်း KNLA ဘက်မှ ၁ ဦး ကျဆုံးကာ ၄ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၂ ပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကား ၁၃ စီးကို KNLA က ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ မူတြော်ခရိုင်၊ ကမမောင်းမြို့၊ ခွေးသေနှင့် ၂၁ မိုင်ကြားဒေသနှင့် လူသောဒေသများတွင် အများပြည်သူ လုပ်ကိုင်စားသောက်သောနေရာများသို့ စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ၇၆ ကြိမ် ပစ်ခတ်ခဲ့သလို လေကြောင်းမှတဆင့် ဗုံးများ၊ ဒုံးကျည်များဖြင့် ၁၀ လုံးခန့် ပစ်ခတ်တိုက်ခိုက်ကြောင်း၊ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သား ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်ထားသည်။

ဓါတ်ပုံ – KNLA တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article