30 C
Yangon

တမူးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့မိုင်းဆွဲခံရပြီး စစ်သား ၄ ဦး သေဆုံး၊ တီးတိန်မြို့နယ်တွင် CDF က နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီတပ်၏ သေနတ် ၁ လက် သိမ်းဆည်းမိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၆

စစ်ကိုင်းတိုင်း၊ တမူးမြို့၊ မြို့မ ၁၂ နန်းဖာလုံရပ်ကွက်၊ ကံကြီးဝတံတားအနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့ ဇန်နဝါရီလ ၁၆ ရက် နံနက် ၈ နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံးပြီး ၂ ဦးခန့် ဒဏ်ရာရရှိကြောင်း တမူး PDF တပ်ရင်း ၄ က သတင်းထုတ်ပြန်သည်။

ကားလေးဝင်းအကျော်၊ ကံကြီးဝတံတားအနီးရှိ စစ်ကောင်စီတပ်ဖွဲ့ကို အလစ်အငိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တမူး PDF တပ်ရင်း ၁ တပ်ခွဲ ၃၊ ကျောင်းသားတပ်ခွဲ BSO နှင့် တမူး PDF တပ်ရင်း ၄ (TSG) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး မြေပြင်စစ်ဆင်ရေးများကို ပူးပေါင်းကာ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု တပ်ရင်း ၄ က သတင်းထုတ်ပြန်သည်။

အလားတူ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းစဉ် သေနတ် ၁ လက် ထပ်မံ သိမ်းဆည်းရမိကြောင်း၊ ဟိန်ဇင်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့သည် ရှေ့တိုးလာခြင်းမရှိကြောင်း၊ ယနေ့တွင် တီးတိန်မြို့နယ်အတွင်း၌ ပစ်ခတ်မှု အနည်းအကျဉ်းသား ရှိကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။

ယနေ့ ဇန်နဝါရီလ နံနက် ၇ နာရီ ၅၀ ခန့်တွင် ခိုင်ကမ်းမြို့ရှိ ကလေးတက္ကသိုလ်ဝန်းထဲ၌ တပ်စွဲထားသော စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ယမန်နေ့ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူ ရဲဘော် ၇ ဦးအနက်မှ Sergeant Thang Pui သည် ဒဏ်ရာပြင်းထန်ပြီး ယနေ့နံနက်တွင် ကျဆုံးသွားကြောင်း၊ ကျန်ရဲဘော်များမှာ လုံခြုံသောနေရာတွင် ဆေးကုသမှုခံယူနေကြောင်း သိရှိရသည်။

ကလေးမြို့မှ ကလေး-တီးတိန်းလမ်းအတိုင်း တက်လာသော အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်နှင့် PDF Zoland, CDM Siyin, Zogam Army, PDA, CNA, CNDF, Zomi PDF နှင့် Kalay PDF များကြား သိုင်းငင်း အနီးတဝိုက်တွင် တိုက်ပွဲများဖြစ်ပွားနေသည်မှာ ၄ ရက်ဆက်တိုက် ရှိပြီ ဖြစ်သည်။

ဓါတ်ပုံ – တမူး PDF တပ်ရင်း ၄ နှင်း ကျောင်းသားတပ် BSO တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article