28 C
Yangon

မြန်မာ့ဒီမိုကရေစီအရေးတွင် ဒေါ်အောင်ဆန်းစုကြည် မရှိမဖြစ်ဟု ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးပြော၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ်ချမှတ်မှု စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ရှုတ်ချ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၆ 

မြန်မာအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ  ဒီမိုကရေစီ ကူးပြောင်း ပြန် လည်ထူထောင်ရာတွင် မရှိမဖြစ် ဖြစ်ပြီး တွေ့ဆုံဆွေးနွေးပွဲများတွင် ပါဝင်ရမည်ဟု ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Teodoro Locsinက ပြောဆိုလိုက်သည်။ 

Teodoro Locsin က ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့သော မြန်မာစစ်ကောင်စီကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်ပြီး စစ်ကောင်စီသည် အတိုက်အခံများကို ချေမှုန်းရန် တရားစီရင်ရေးမဏ္ဍိုင်ကို အလွဲ သုံးစား လုပ်နေသည်ဟု ဝေဖန်သည်။

“မြန်မာပြည်သူလူထုရဲ့ဒုက္ခတွေအတွက် အရမ်းစိုးရိမ်မိပါတယ်။ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ဖို့ နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ် ငန်းစဉ်ကို ပြန်လည်စတင်ဖို့ စစ်တပ်ခေါင်းဆောင်တွေကို ကျနော်တို့ တောင်းဆိုထားပါတယ်”  ဟု Locsin ကပြောဆိုသည်။ 

Locsin က ဒေါ်အောင်ဆန်းစုကြည်မပါဝင်သော တွေ့ဆုံဆွေးနွေးမှုများသည် အဓိပ္ပါယ်မရှိကြောင်း ပြောဆိုသည်။  

“ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပွဲတွေမှာ ရှိကိုရှိရပါ့မယ်။ စစ်တပ်အနေနဲ့ ဒါကို ကြောက်စရာမလိုပါဘူး။ တွေ့ဆုံဆွေးနွေးမှုကနေ ရရှိစရာတွေများပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ လမ်းကြောင်းပြန်သွားဖို့ မရှိမဖြစ်ပါ” ဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။ 

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆင်သည် မြန်မာနိုင်ငံသို့သွားရောက်၍ အကြမ်း ဖက်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့သော်လည်း လက်ရှိတွင် စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်နိုင်ငံများက ဒေါ်အောင်ဆန်းစုကြည် မပါဝင်သော တွေ့  ဆုံဆွေးနွေးမှုနှင့် အာဆီယံ ဘုံသဘောတူညီချက် အကောင်အထည်မဖော်သရွေ့ စစ်ကောင်စီကို အာဆီယံ ထိပ်သီးအစည်းအဝေးများမှ ဖယ်ထုတ်ရန် တရားဝင် ထုတ်ပြန်ပြောဆိုလိုက်ကြပြီဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article