ရန်ကုန်၊ ဖေဖော်ဝါရီ ၁
စစ်တပ်က အာဏာသိမ်းမှု ၁ နှစ်ပြည့်သည့်အချိန် ပြည်သူများက သွေးမအေးကြောင်း တော်လှန်နေပုံကို ပြသသည့်အနေဖြင့် အသံတိတ် သပိတ်တွင် ပုံစံမျိုးစုံဖြင့် ပါဝင်ကြသည်။ စျေးသည်များနှင့်စျေးဆိုင်များသည် အသံတိတ် သပိတ်တွင် မပါဝင်ရန် စစ်တပ်က နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက် ဖိအားပေးသောအခါ ပြည်သူကလိုက်နာသောအားဖြင့် ဆိုင်ဖွင့်ရန် စစ်အာဏာရှင်ကို တော်လှန်နေကြပုံများကို မျှဝေလိုက်ပါသည်။