25 C
Yangon

ကျောက်ပန်းတောင်းတွင် စစ်အာဏာရှင်ခေတ် ၂၀၀၂ နှင့် ၂၀၀၅ နှစ်သို့ ပြန်မသွားဟုဆိုကာ မိမိကိုယ်ကို မီးရှို့ ဆန္ဒပြ၊ အသက်အန္တရာယ်စိုးရိမ်ရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ကျောက်ပန်းတောင်းမြို့တွင် စစ်အာဏာရှင်ခေတ် ၂၀၀၂ နှင့် ၂၀၀၅ ခုနှစ်ကို ပြန်မသွားဟုဆိုကာ အမျိုးသားတစ်ဦးက မိမိကိုယ်ကို မီးရှို့ ဆန္ဒပြကြောင်း၊ လက်ရှိ အခြေအနေအရ အဆိုပါအမျိုးသားသည် ဆေးရုံတင်ပို့ထားသော်လည်း သေဆုံးဖွယ်ရှိကြောင်း ကျောက်ပန်းတောင်းဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ “ကျောက်ပန်းတောင်း၊ EPC ရုံးနားမှာ သူ့ဟာသူ မီးရှို့တယ်။ စာရွက်ထဲမှာလည်း စစ်အာဏာရှင်ခေတ်ကို ပြန်မသွားဘူးဆိုပြီး ပြောတယ်။ အခုတော့ ဆေးရုံတင်ထားပြီ။ အရေးပေါ် အခြေအနေပါ။ အသက်ရှင်ဖို့တော့ နည်းမယ်ထင်တယ်” ဟု ကျောက်ပန်းတောင်ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။ မိမိကိုယ်ကို မီးရှို့သော အမျိုးသား၏ နာမည်ကို မေးမရသေးကြောင်း၊ မည်သူမည်ဝါဆိုသည်ကိုလည်း မသိရှိရသေးကြောင်း၊ မီးရှို့ ဆန္ဒပြသော အမျိုးသား ၏ အခြေအနေမှာ အလွန်စိုးရိမ်ရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article