25 C
Yangon

ပူတာအို၊ ဆွမ်ပီယန်ကျေးရွာရှိ စစ်ကောင်စီစခန်းကုန်းကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့များ တပ်စွဲထားသည့် စခန်းကုန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တပ်ဖွဲ့က ယနေ့ နံနက် ၁၀ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ပြီး သိမ်းပိုက်နိုင်ခဲ့ကာ စခန်းကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သတင်းရရှိသည်။မြစ်ကြီးနား-ပူတာအို ကားလမ်းပေါ်ရှိ ဆွမ်ပီယန်ကျေးရွာအနီး တောင်ကုန်းထိပ်ရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ် ပူးပေါင်းအင်အား ၄၀ ခန့်ရှိသော အဆိုပါ စခန်းကို KIA တပ်မဟာ ၁၊ တပ်ရင်း ၇ နှင့် ပူတာအို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသသတင်းရင်းမြစ်များက ဆိုသည်။စခန်းသိမ်းတိုက်ပွဲဖြစ်ပွားပြီးနောက် ဆွမ်ပီယန်ကျေးရွာရှိ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။
ဓါတ်ပုံ – မီးလောင်နေသော ဆွမ်ပီယန်ကျေးရွာရှိ စစ်ကောင်စီစခန်း
Photo – Kachin News Group

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article