25 C
Yangon

မုံရွာ၊ ကန်သာယာအနီးစစ်ကောင်စီစခန်းဂိတ်ကို PDF များက ဗုံးဖြင့်တိုက်ခိုက်မှု စစ်ကောင်စီဖွဲ့ဝင် ၃ ဦး သေဆုံးဟုဆို

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

စစ်ကိုင်းတိုင်း၊မုံရွာတွင် ယနေ့ဖေဖော်ဝါရီ၁ရက်နေ့ နံနက်ပိုင်းက ပြည်သူများအသံတိတ်သပိတ်ပြုလုပ်နေစဉ်အတွင်း ကနီဒေါင်းမျိုးဆက်၊အာဏာရှင်ပြည်သူ့တော်လှန်ရေး၊ရွှေတြိဂံပြည်သူ့ကာကွယ်ရေး မဟာမိတ်အဖွဲ့အစည်းများ စစ်ကောင်စီဂိတ်စခန်းတစ်ခုကို ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်၊၊

မုံရွာ 1982စားသောက်ဆိုင်အနီးရှိ စစ်ကောင်စီရှောင်တခင်စစ်ဆေးဂိတ် နေရာကို မဟာမိတ်အဖွဲ့၃ဖွဲ့မှ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက မုံရွာချင်းတွင်းရိုးမသတင်းဌာနသို့ ပြောသည်၊၊

“မုံရွာမှာမြို့ပြပြောက်ကျားစစ်ဆင်ရေးပြုလုပ်တယ်၊မဟာမိတ်တပ်ဖွဲ့တွေစုပေါင်း ပြီး 1982စားသောက်ဆိုင်အနီး စစ်ကောင်စီတပ်သားတွေကို အသံတိတ်သပိတ်ပြုလုပ်တေစဉ်အတွင်း ဗုံးဖောက်ခွဲခဲ့တယ်၊စစ် ခွေး၃ဦးနေရာမှာတွင်သေဆုံးတယ်လိူ့ သိရတယ်”ဟုဆိုသည်၊၊

မုံရွာမှာ စစ်အာဏာသိမ်းမှုတစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အသံတိတ်သပိတ်ဆင်နွှဲနေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ဗုံးဖောက်ခွဲတိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီတပ်သား၃ဦးသေဆုံးခဲ့ကြောင်း သိရှိရပါသည်၊၊

ဓာတ်ပုံ- 1982စားသောက်ဆိုင်အနီးရှိ စစ်ကောင်စီရှောင်တခင်စစ်ဆေးဂိတ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article