25 C
Yangon

စစ်အာဏာရှင် မောင်းထုတ်ရေး ဖေဖော်ဝါရီ ၂ ရက်နေ့ ည ၈ နာရီ သံပုံးတီးကြရေး “သံပုံးတီးသံပြန်ဆူညံ ဒို့တော်လှန်သွေးမအေးရန်” ကြွေးကြော်သံဖြင့် တိုက်တွန်း

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

အကြမ်းဖက် စစ်အာဏာရှင်များကို မောင်းထုတ်နိုင်ရေးအတွက် ဖေဖော်ဝါရီ ၂ ရက်နေ့ ည ၈ နာရီအချိန် သံပုံးတီးကြရေး “သံပုံးတီးသံပြန်ဆူညံ ဒို့တော်လှန်သွေးမအေးရန်” ကြွေးကြော်သံဖြင့် ရန်ကုန်လူထုသပိတ်က ပြည်သူများကို တိုက်တွန်းနှိုးဆော်လိုက်သည်။

ရန်ကုန်လူထုသပိတ်၏ တိုက်တွန်းနှိုးဆော်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

“သံပုံးတီးသံပြန်ဆူညံ ဒို့တော်လှန်သွေးမအေးရန်” တိုက်တွန်းနှိုးဆော်ချက်
=========================================

ဖေဖော်ဝါရီ ၂ ရက်နေ့မှာတော့ စစ်အာဏာရှင်မိစ္ဆာဆိုးများကိုနှင်ထုတ်တဲ့အနေနဲ့ သံပုံးတီးမောင်းထုတ်ခဲ့တာ တစ်နှစ်ပြည့်မှာဖြစ်ပါတယ်။ ပထမဆုံး သံပုံးစတီးတဲ့အချိန်က အတွေ့အကြုံကိုလဲ ဝေမျှပေးကြပါဦး။

မကျေနပ်ချက်တွေ၊ ခံပြင်းမှုတွေ၊ ဒေါသသံတွေ၊ တွန်းလှန်ချင်စိတ်တွေနဲ့အတူ ည ၈ နာရီတိုင်း သံပုံးသံတွေနဲ့တော်လှန်ရင်း စစ်မိစ္ဆာကို တစ်နိုင်ငံလုံးမောင်းထုတ်ခဲ့ကြတဲ့ အချိန်တွေကို အားလုံးအမှတ်ရကြမှာပါ။ သံပုံးတီးသံဟာ စစ်မိစ္ဆာများနဲ့ အပေါင်းအပါများကို တုန်လှုပ်ခြောက်ခြားစေရုံတင်မက ပြည်သူများနဲ့ တော်လှန်ရေးဘက်တော်သားများကို အားတက်စေပါတယ်။

ဒါကြောင့် သံပုံးတီးခြင်း ၁ နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာလည်း ပြည်သူများအနေနဲ့ ည ၈ နာရီထိုးချိန်မှာ ပြိုင်တူသံပုံးတီးကြဖို့ ရန်ကုန်လူထုသပိတ်က အောက်ပါအတိုင်း တိုက်တွန်းထားပါတယ်။

“ဖက်ဆစ်စစ်တပ်သည် ပြည်သူများ၏ တော်လှန်စိတ်နှင့် ကြွေးကြော်သံများကို သွေးပျက်ကြောက်ရွံ့သည်ဆိုသည်မှာ သံပုံးတီးသံများက သက်သေထူနေပါသည်။ မြို့ပြလူထုသည် လက်နက်ဖြင့် အပြင်းအထန်ဖိနှိပ်နေသော မိစ္ဆာစစ်တပ်ကြောင့် အခြေအနေတစ်ခုအရ တော်လှန်စိတ်ကိုမြိုသိပ်နေရသည်မှန်သော်လည်း တော်လှန်ရေးတွင် သွေးအေးသွားခြင်းမရှိပေ။

ထို့ကြောင့် မိစ္ဆာစစ်တပ်ကြောက်ရွံ့သော သံပုံးတီးသံများ၊ ကားဟွန်းတီးသံများ၊ လူထုကြွေးကြော်သံများဖြင့် တစ်နှစ်အတွင်းတော်လှန်ခဲ့သော မိမိတို့ပြည်သူများကို လေးစားဂုဏ်ပြုကြောင်း၊ တော်လှန်စိတ်ကို ပြန်လည်အားယူကြောင်းပြသသည့်အနေဖြင့် သံပုံးတီးသံ၊ ကားဟွန်းတီးသံများဖြင့် တော်လှန်ကြရန်။

တော်လှန်စိတ်ဖြင့် ဆက်လက်ချီတက်ကြ၊ မိစ္ဆာတပ်ယန္တရားကို ဖြိုဖျက်ကြ၊ ဖက်ဒရယ်ဖြင့် တည်ဆောက်ကြ။ သင်ကိုယ်တိုင်ပါဝင်ပါက ဤတော်လှန်ရေး မုချအောင်မည်။”

ဖေဖော်ဝါရီ ၂ ရက်နေ့ည ၈ နာရီမှာ မြို့တိုင်းရွာတိုင်း သံပုံးသံတွေ ပြန်ဆူညံပြီး စစ်မိစ္ဆာကိုတော်လှန်ဖို့ ၊ သွေးမအေး ကြောင်းပြသဖို့ ပြည်သူတိုင်းမှာ တာဝန်ရှိပါတယ်။ ပြည်သူ့တော်လှန်ရေးသမိုင်းမရိုင်းစေဖို့ .. တို့ပြည်သူတွေ ညီရဲ့လားဟေ့ ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article