25 C
Yangon

ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာမှ ပြည်သူ ၁၀၀ ကို စစ်တပ်က ဖမ်းဆီးပြီး ပြည်သူပိုင် ပစ္စည်းများကို လုယက်၊ ရွာလုံးကျွတ်ကို ဓာတ်ဆီလိုက်လောင်းနေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၃


စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာမှ ပြည်သူ ၁၀၀ ဝန်းကျင်ကို စစ်တပ်က ဖမ်းဆီးထားပြီး ပြည်သူပိုင် ပစ္စည်းများကိုလည်း လုယက် နေ ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“အင်မထီးကျေးရွာမှာ စခန်းချထားတဲ့ ခွေးတွေက မင်းတိုင်ပင်ကျေးရွာမှ ပြည်သူ ၁၀၀ ဦးကို စစ်တပ်က စာသင်ကျောင်းထဲမှာ ဖမ်းထားတယ်။ နေ့လယ်ကတည်းက အခုထိ ပြန်မလွှတ်သေးဘူးလို့ ပြောတယ်။ ပြည်သူပိုင် အိမ်တွေကို ဝင်ဖောက်တယ်။ ပစ္စည်းတွေကို သယ်တယ်။ ရိက္ခာတွေ အင်မထီးရွာကို သယ်တယ်။ မွေ့တုံနဲ့ ပန်းရွာကို မီးရှို့တဲ့အဖွဲ့ ဖြစ်ဖို့များတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

လက်ရှိတွင် မင်းတိုင်ပင်ကျေးရွာတွင် စစ်ကောင်စီတပ်သား ၂၀၀ ဝန်းကျင် ခန့် ရောက်ရှိနေပြီး ရွာတစ်ခုလုံးကို ဓာတ်ဆီများ လောင်းနေကြောင်း ဒေသခံ တချို့ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article