25 C
Yangon

မြောက်ဒဂုံတွင် စစ်ကောင်စီသတင်းပေး လုပ်နေသည့် အငြိမ်းစား ဗိုလ်မှူးတင်မောင်အေး အသတ်ခံရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၃၁ ရပ်ကွက်တွင် စစ်ကောင်စီသတင်းပေး အဖြစ် ချိတ်ဆက်လုပ်ကိုင်နေသော အငြိမ်းစား ဗိုလ်မှူးတင်မောင်အေး အသတ်ခံရကြောင်း အဆိုပါရပ်ကွက်အတွင်းမှ ပြည်သူများထံမှ သိရှိရသည်။

ယနေ့ ညနေ ၆ နာရီခန့်အချိန် မြောက်ဒဂုံ၊ ၃၁ ရပ်ကွက်အတွင်းရှိ ၎င်း၏ နေအိမ်အတွင်းသို့ သေနတ်သမားတချို့က ဝင်ရောက် ပစ်ခတ်သွားခြင်းဖြစ်ပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

အငြိမ်းစား ဗိုလ်မှူးတင်မောင်အေးသည် ရပ်ကွက်အတွင်း ဆန္ဒပြလူငယ်များကို သတင်းပေးခြင်း၊ PDF များကို ခြေရာခံကာ သတင်းပေးခြင်းတို့ကို မြို့နယ်စစ်ကောင်စီများနှင့် တွဲဖက်လုပ်ကိုင်နေကြောင်း ဒေသခံများက ဆိုသည်။

“အခု ရပ်ကွက်တွေထဲမှာ မီးတွေဖြတ်ထားတယ်။ ညဘက်တော့ အိမ်တွေကို ပိုက်စိတ်တိုက်ပြီး ဧည့်စာရင်း စစ်တာတွေ ရမ်းကားတွေ လုပ်တော့မယ်ထင်တယ်” ဟု‌ ဒေသခံတစ်ဦးက ပြောသည်။

ရန်ကုန်မြို့ပြပျောက်ကြား အဖွဲ့ကမူ အငြိမ်းစား ဗိုလ်မှူးတင်မောင်အေးကို ၎င်းတို့ သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ခလရ (၂၄၁) တွင် နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့ကာ လက်ရှိ အကြမ်းဖက်စစ်တပ်အတွက် သတင်း များပေးခြင်း၊ PDF များကိုခြေရာခံကာ ရန်ကုန် တိုင်း စစ်ဌာနချုပ် သို့သတင်းများပေးပို့ခြင်း နှင့် ခရိုင်အုပ်ချုပ်ရေးရုံးများသို့ တိုက်ရိုက် သတင်းပေးနေသူ တစ်ဦးဖြစ်သည့်အတွက် မြို့ပြ ပြောက်ကျား တပ်ဖွဲ့ဝင်များက ၎င်းကို ပစ်မှတ်ထား ရှင်းလင်းသုတ်သင်ခဲ့ ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article