29.6 C
Yangon

ပုလဲတွင် စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရကာ စစ်သား ၂ဦး သေ ဆုံး၊ ငါန်းဇွန်တွင်လည်း ကင်းလှည့်စစ်ကြောင်း မိုင်းဆွဲခံရပြီး စစ်သား ၂ ဦးသေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် မင်းတိုင်ပင်ရွာမှ ကန့်ဒေါင့်ရွာသို့ သွားသည့် အကြမ်း ဖက် စစ်ကောင်စီ ကား ၄ စီးနှင့် ဆိုင်ကယ် ၁စီးကို ယနေ့ ဖေဖော် ဝါရီလ ၄ရက်နေ့ မွန်းလွဲ ၁၂နာရီခန့်တွင် ပြည်သူ့တော်လှန်ရေး တပ်မတော် (PRA) တပ်ခွဲ-၆ ဗိုလ်တိုးကြီး အဖွဲ့မှ မိုင်း ၃လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း PRA တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဂျပန်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

ထိုသို့ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ဗုံးခွဲ တိုက်ခိုက်ခံရပြီးနောက် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကာ စစ်သား ၄ဦး လည်း ထိခိုက် ဒဏ် ရာရရှိခဲ့သည်ဟု သိရသည်။

အလားတူ ဖေဖော်ဝါရီ၃ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့၊ ငါန်းမြာလမ်းပေါ်တွင် ကင်းလှည့်နေသော စစ်ကားနှစ်စီးနှင့် ဆိုင်ကယ် သုံးစီးကို ငါန်ဇွန် ပ.က.ဖက မိုင်း ၃ လုံးဆွဲတိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးသွားကြောင်း ငါန်းဇွန်ပ.က.ဖ ပြန်ကြားရေးတာဝန်ခံ သူရိန်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

Photo – AFP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article