25 C
Yangon

ပခုက္ကူ အင်းဝဘဏ်ရှေ့တွင် စစ်ကောင်စီတပ်ဖွဲ့တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ၊ ချောင်းဦးတွင်လည်း စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီး ၁၅ ဦးထက်မနည်း သေဆုံး

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၄

ပခုက္ကူ၊ မြို့မလမ်းရှိ၊ အင်းဝဘဏ်ရှေ့တွင် ပြည်သူများကို စစ်ဆေးနေသော စစ်ကောင်စီတပ်ဖွဲ့ကို ပခုက္ကူ PDF က ယနေ့ ညနေ ၆ နာရီခွဲခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲ ၂ ဦး ပွဲချင်းပြီးသေဆုံးကာ ၃ ဦး ဒဏ်ရာရကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြို့ပြတိုက်ခိုက်ရေးအဖွဲ့ ထံမှ သိရှိရသည်။

တိုက်ခိုက်ပြီနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အောင်မြင်စွာဆုတ်ခွာခဲ့ကြောင်းနှင့် စစ်ကောင်စီက ရမ်းကားစစ်ဆေးနိုင်သဖြင့် ပြည်သူများ လုံခြုံရေး ဂရုပြုကြရန် PPDF က သတင်းထုတ်ပြန်သည်။

အလားတူ ချောင်းဦးမြို့နယ်တွင်လည်း အကြမ်းက်စစ်ကောင်စီစစ်ယာဉ်တန်းကို ယနေ့ နံနက် ၁၁ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၅ ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၁၅ ဦးထက်မနည်းသေဆုံးကြောင်း မြင်းမူ PDF ထံမှ သိရှိရသည်။

အဆိုပါ စစ်ကောင်စီယာည်တန်းသည် ဗိုလ်ရှုသဘင်ပွဲအတွက် အိန္ဒိယမှ လက်ဆောင်ပေးသော မြင်း ၃၂ ကောင်ကို သယ်ဆောင်လာသည့်ကားများနှင့် လုံခြုံရေးယူသည့် စစ်ကားများဖြစ်ကြောင်း ထီးဆောင်းနှင့် မူးဝရွာထောင်ဇရပ်ကြားတွင် မိုင်း ၂ လုံးဆွဲ တိုက်ခိုက်ခဲ့ကြောင်း မြင်းမူ PDF က သတင်းထုတ်ပြန်သည်။

ယခုတိုက်ခိုက်မှုကို People Defence Force Myinmu-MMUPDF မှဦးဆောင်၍ Black Eagle Dfence Force MMUI မြင်းမူလျှပ်စီးပြောက်ကြားတပ်ဖွဲ့၊ Myin Mu Defence Force၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOM စသည့်မဟာမိတ်များနှင့်အတူ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓါတ်ပုံ – ပခုက္ကူ မြို့မလမ်းရှိ အင်းဝဘဏ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article