25 C
Yangon

ကနီမြို့နယ်၊ ဝင်းမနားနယ်မြေရဲစခန်းနှင့် စစ်ကောင်စီစခန်းကို ကနီPDF ပူးပေါင်းတပ်ဖွဲ့ဝင်တိုက်၊ စစ်ကောင်စီဘက်မှ ၂၅ ဦး သေဆုံးပြီး PDF ဘက်မှ ၃ ဦး ကျဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ ဝင်းမနားနယ်မြေရဲစခန်းနှင့် စစ်ကောင်စီစခန်းကို ကနီPDF ပူးပေါင်းတပ်ဖွဲ့ဝင်တိုက်၊ စစ်ကောင်စီဘက်မှ ၂၅ ဦး သေဆုံးပြီး PDF ဘက်မှ ၃ ဦး ကျဆုံးကြောင်း ကနီ PDF က တရားဝင် သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ် အချိန် ကနီမြို့နယ် ၊ ဝင်မနားနယ်မြေရဲစခန်း နှင့် ဝင်မနား အ.ထ.က ကျောင်းတွင် စခန်းချနေသော စစ်ကောင်စီတပ်များကို KPDF-1 ၊ M&K The Boys၊ ဒီပဲယင်း PDF ၊ ကနီ PDF ၊ ရွှေတြိဂံ တပ်ရင်း ၊ ဒေသတွင်းမဟာမိတ်ညီနောင်များ ၊ မဟာမိတ်ညီနောင် EAO များ ၊ ဒေသခံ ပ.က.ဖအဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ပွဲတွင် တော်လှန်ရေးရဲဘော် သုံးဦးကျဆုံးခဲ့ပြီး တော် လှန်ရေးရဲဘော် (၁၀)ဦး ဒဏ်ရာရရှိခဲ့ ကြောင်း၊ ဝင်မနားနယ်မြေရဲစခန်း ပျက်စီးသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦး သေဆုံးကာ ဒဏ်ရာရသူလည်းများပြားကြောင်း၊ ပြည်သူများ သတိဝီရိယဖြင့် နေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကနီမြို့နယ်)က သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ကနီမြို့နယ် မြို့မရဲစခန်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article