25 C
Yangon

KNU တပ်မဟာ ၅ နယ်မြေရှိ တဒွီးခို့ကျေးရွာတွင်းသို့ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ရွာသား ၂ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၅

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ အုပ်ချုပ်နယ်မြေ၊ မူတြော် (ဖာပွန်) ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ တဒွီးခို့ကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီက ယနေ့ ဇန်နဝါရီလ ၅ ရက် နံနက် ၁ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်မှုကြောင့် ဒေသခံရွာသား ၂ ဦး သေဆုံးပြီး ကလေးငယ်များအပါအဝင် ၆ ဦး ဒဏ်ရာရကြောင်း KNU မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

စစ်ကောင်စီ၏ လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၁ လုံး လုံးဝ ပျက်စီးပြာကျသွားတာ အခြား အိမ် ၃ လုံးလည်း ပျက်စီးသွားကြောင်း သိရှိရသည်။

KNU တပ်မဟာ ၅ နယ်မြေသို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း စစ်ကောင်စီက လေကြောင်းမှ ဗုံး ၁၄ လုံး ကြဲချတိုက်ခိုက်ခဲ့သလို ဒေသခံရွာသားများ၏ နေအိမ်လယ်ယာများအတွင်းသို့ လက်နက်ကြီးကျည် ၁၈၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article