25 C
Yangon

တမူးရှိ စစ်တပ်ပိုင် အင်း၀ဘဏ်ကို ABSDF နှင့် PDF ပူးပေါင်းအဖွဲ့ ဗုံးပစ်တိုက် ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ စစ်တပ်ပိုင် အင်း၀ဘဏ်ကို ပြည်သူ့ကာကွယ် ရေးတပ်မတော် – စစ်မြေပြင် အင်ဂျင်နီယာတပ်ဖွဲ့ PDF -CEU နှင့် ကျောင်း သား တပ်မတော် ABSDF အဖွဲ့တို့ ယနေ့ညနေပိုင်းတွင် လက်ပစ်ဗုံးဖြင့်တိုက် ခိုက်ရာ စစ်သား ၂ ဦးသေဆုံးသွားကြောင်း PDF-CEU က သတင်းထုတ် ပြန်သည်။

ယနေ့ ညနေ၅ နာရီခန့်အချိန် PDF-CEUနှင့် ABSDF ပူးပေါင်း ပြောက်ကျားအဖွဲ့က တမူးမြို့ပေါ် အင်းဝဘဏ်ရှေ့တွင် လုံခြုံရေးယူနေသော စစ်ကောင်စီတပ်အုပ်စုအတွင်းသို့လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး ၅ ဦးထိခိုက် ဒဏ်ရာရှိသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်မြေ ပြင် အင်ဂျင်နီယာတပ်ဖွဲ့PDF-CEU က ဆိုသည်။

ABSDF ကျောင်းသားတပ်မတော်သည် စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး NCA စာချုပ်တွင် လက်မှတ် ရေးထိုးထားသော်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းလိုက်သော အကြမ်းဖက် စစ်ကောင်စီကို တိုင်းရင်းသားလက်နက်ကိုင်များနှင့်အတူ တွန်းလှန်တိုက်ခိုက်လျက်ရှိကြောင်း ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ထုတ်ဖော်ပြောဆိုခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article