25 C
Yangon

မုံရွာတွင် အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ဆိုင်ကယ်စီးနေစဉ် ပစ်သတ်ခံရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

စစ်ကိုင်းတိုင်း၊မုံရွာမြို့ ထန်းတောအင်းစပ် ကန်ပတ်လမ်းတွင် ယနေ့ညနေ ၅ နာရီ ဝန်းကျင်ခန့်အချိန် အရပ်ဝတ်ဖြင့် သွားလာနေသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံမှ သိရှိရသည်။

“အင်းစပ်အမှိုက်ပုံနားလေးမှာ ဆိုင်ကယ် CZI နဲ့ အရပ်သားအသွင်ယူထားတာ၊တစ်ယောက်က ရဲ၊ နောက် တစ်ယောက်ကစစ်သား၊ နှစ်ဦးစလုံး သေနတ်နဲ့ ပစ်ခံရပြီး အမှိုက်ပုံထဲမှာ သေနေကြတာ”ဟု ဒေသခံများကပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ပစ်သတ်ခံရသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ် အခြေအနေများ မသိရှိရသေးဘဲ မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကိုလည်း တရားဝင်အသိပေး ကြေညာခြင်းမရှိသေးပေ။

ဓာတ်ပုံ- ယမန်နှစ်မုံရွာတွင် ဆန္ဒပြပြည်သူများကို ဖြိုခွင်းနေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများ။ (ပုံအဟောင်းဖြစ်သည်)

ချင်းတွင်းရိုးမ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article