25 C
Yangon

ရန်ကုန်အင်းလျားကန်ဘောင်တွင် ဆန္ဒပြလူငယ် ၁ ဦး စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံး၊ စံပြစျေးတွင်လည်း လူငယ် ၂ ဦး ရိုက်နှက်ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ် မြကန်သာလမ်း ပြည်လမ်း လူကူးကုန်းကျော်တံတားပေါ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဗီနိုင်း တက်ရောက် ချိတ်ဆွဲသော ဆန္ဒပြလူငယ် ၁ ဦးကို ယနေ့ မွန်းလွဲပိုင်းတွင် စစ်တပ်နှင့်ရဲက ပစ်ခတ်သဖြင့် ကျည်ထိမှန်ပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့ ဖေဖော်ဝါရီလ ၆ရက်နေ့ မွန်းလွဲ ၃နာရီခန့်အချိန် စစ်အာဏာရှင် ဆန့် ကျင်ရေး ဆန္ဒပြ ၄ ဦးက ပြည်လမ်း လူကူးကုန်းကျော်တံတားပေါ်တွင် ဗီနိုင်းတက်ချိတ်ဆွဲခဲ့ခြင်းဖြစ်ပြီး စစ်တပ်နှင့်ရဲက လိုက်လံ ပစ်ခတ်ဖမ်းဆီးသဖြင့် ထွက်ပြေးကြရာ ၃ ဦး လွတ်မြောက်ပြီး လူငယ် ၁ ဦး ကျည်ထိမှန်ပြီး လဲကျသွားကြောင်း၊ အဆိုပါ လူငယ်သည် သွေးအိုင်ထဲတွင် မလှုပ်တော့ကြောင်း၊ ဗိုက်ပွင့်ပြီး အူထွက်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ် သစ် မီဒီယာသို့ ပြောဆိုသည်။

“အလံလွှင့် ဆန္ဒပြတဲ့ ကလေး ၄ ယောက်ကို စစ်တပ်က လိုက်ဖမ်းတာ။ ၃ ယောက် လွတ် မြောက်ပြီး တစ်ယောက်ကို ရဲခွေးတွေ ပစ်တဲ့ ကျည်ထိမှန်တယ်။ မလှုပ်တော့ဘူး သွေးအိုင်ထဲမှာ။ အခုစစ်ခွေးကားတွေ Inya View condo နားမှာ တပ်စွဲထားတယ်”ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

အလားတူ ရန်ကုန်တိုင်း၊သင်္ဃန်းကျွန်းမြို့နယ်၊စံပြစျေးတွင် ကျောင်းသားလူ ငယ် ၂ ဦးကို စစ်တပ်က ဖေဖော်ဝါရီလ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ရိုက်နှက်ဖမ်းဆီးသွားပြီး သတင်းအစအနမရရှိဘဲ ပျောက်ဆုံးနေကြောင်း မိတ်ဆွေများက ရန်ကုန်ခေတ် သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဖေဖော်ဝါရီ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန် ကျောင်းသားလူငယ် ၂ ဦးဖြစ်ကြသည့် မောင်ဝေယံထက်၊ မောင်ဇွဲထက်နိုင် တို့ကို လက်နက်အပြည့်အစုံတပ်ဆင်ထားသော စစ်သား ၇ ဦးက ၀ိုင်းဝန်း ဖမ်းဆီးရိုက်နှက်ကြကြောင်း၊ ယင်းနောက် ကားပေါ်သို့ ပစ်တင်ပြီး ခေါ်ဆောင် သွားပြီး ယနေ့ အချိန်အထိ သတင်းအစအန မရရှိဘဲ ပျောက်ဆုံးနေကြောင်း သိရှိရသည်။

“လူငယ် ၂ ဦးက စံပြဈေးနားမှာ စစ်သားတွေက ရိုက်နှက်ခေါ်သွားတာ။ အခြေခံ ပညာကျောင်းသားလေးတွေပဲ ရှိဦးမယ်ထင်တယ်” ဟု မျက်မြင်တစ်ဦးက ပြောသည်။

ဓာတ်ပုံ- ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေပိုင်းတွင် ကျောင်းသားလူငယ် ၂ ဦးကို စစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article