29.6 C
Yangon

လောင်းလုံးတွင် ပျူစောထီးများ သတ်ဖြတ်ထားသည့် အမျိုးသား ၃ ဦး အလောင်း တွေ့ရှိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာအနီး ဖေဖော်ဝါရီလ ၅ရက်နေ့ မွန်းလွဲ ၁၂နာရီခန့်အချိန် စစ်တပ် လက်အောက်ခံ ပျူစောထီး အဖွဲ့များ သတ် ဖြတ်ထားသည့် စစ်ပြဲရွာနှင့် လေးသွန်းခံရွာတွင် နေထိုင်သော အမျိုး သား ၃ ဦး ၏ ရုပ်အလောင်းများ တွေ့ရှိခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ် သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ ပျူစောထီး အဖွဲ့များ သတ်ဖြတ်ခဲ့သည့် အမျိုးသား ၃ ဦးသည် လွန်ခဲ့ သော ရက်များအတွင်းက သတ် ဖြတ် ခံထားရသူများဖြစ်ပြီး ရုပ်အလောင်းများ တွေ့ရှိချိန်တွင် အပုတ်နံ့များ ထွက်ပေါ်လာကာ ရုပ် ပျက်ဆင်းပျက် ဖြစ်နေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

” မနေ့က အဲနားကို လူဖြတ်သွားတော့ ပုတ်အနံ့ရလို့သွားကြည့်တာ လူသေအလောင်း တွေ့တယ်။ ရပ်ရွာ နာရေးကူညီမှု အသင်းကို ကူညီတောင်းပြီး ပြန် လည်တူးဖော်ပြီးတော့ ညင်းမော်ရွာနဲ့ စစ်ပြဲရွာနာရေးကူညီမှုအသင်းတို့ ပူး ပေါင်းပြီး ကူညီသဂြိုလ်ပေးခဲ့တယ်”ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

ရုပ်အလောင်း ၃ လောင်းတွေ့ရှိရ၍ နယ်မြေခံစစ်တပ်နှင့်ရဲတပ်ဖွဲ့ထံ အကြောင်း ကြားသော်လည်း လာရောက်စစ်ဆေးခြင်း မရှိကြောင်း၊ လုံခြုံရေးဆောင်ရွက်နေရ၍ ယင်းကဲ့သို့သော ကိစ္စများအတွက် အချိန်မပေးနိုင်ဟု အကြောင်းပြန် ကြောင်း ဒေသခံများက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article