25 C
Yangon

ကလေးမြို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်၍ တင်သားရွာမှ ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၁၀ ဦးထိမှန်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကြံသာရွာနှင့် ဟံသာဝတီရွာတို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များက ယနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့ နံ နက် ၉ နာရီခွဲမှ ၁၁ နာရီအချိန်ခန့်ထိ တင်သားရွာဘက်သို့ လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ခတ်ခဲ့ရာ အသက် ၉ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါ အဝင် ပြည်သူ ၁၀ ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့ပြီး ၄ ဦးမှာ ဒဏ်ရာပြင်းထန်နေကြောင်း PDF (Kalay) က သတင်းထုတ်ပြန်သည်။

အဆိုပါ ပစ်ခတ်မှုကြောင့် တင်သားရွာအတွင်းမှ နေအိမ် ၅ လုံး လက်နက်ကြီးထိမှန်၍ မီး‌လောင်ပျက်စီးသွားကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ပစ်ခတ်မှု အပေါ် လက်တုံ့ပြန်သည့်အနေနှင့် ယနေ့ ညနေ ၃ နာရီခွဲအချိန်တွင် ကလေးနည်းပညာတက္ကသိုလ်ဘက်မှ ကလေးမြို့ဘက်သို့ ဦးတည်လာသော စစ်ကောင်စီစစ်ကြောင်းကို ဇင်းကလင်းရွာနှင့် ချင်းဆိုင်ရွာအကြားတွင် PDF (Kalay) တပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ၊ လမ်းလျှောက်တက်လာသည့် စစ်ကောင်စီတပ်သား ၆၀ကျော်အနက် ၁၅ ဦးခန့် ထိမှန်သေဆုံးပြီး မိုင်းထိမှန်ဒဏ်ရာရရှိသူများထဲမှ ကလေးမြို့စစ်ဆေးရုံသို့ ရောက်ရှိပြီးနောက် နောက်ထပ် ၅ ဦး ထပ်သေကြောင်း PDF (Kalay) ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်ကောင်စီတပ်များ၏ အကြောင်းမဲ့ရန်ပြုပစ်ခတ်မှုကြောင့် တင် သား၊ အောင်မင်္ဂလာ၊ မှန်တော၊ ရှားဖို၊ ကျောက်ဖူး ကျေးရွာများမှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article