25 C
Yangon

ရန်ကုန်မြို့တွင် “လူထုလွတ်မြောက်ရေးနဲ့ နိုင်ငံတော်သစ် ဆီသို့ချီတက်ကြ” ပိုစတာချိတ်ဆွဲ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ယနေ့ နံနက်ပိုင်းအချိန် ရန်ကုန်မြို့ကန်တော်ကြီးပတ်လမ်းတွင် တကသများ-ရန်ကုန်က “လူထုလွတ် မြောက်ရေးနဲ့ နိုင်ငံတော်သစ်ဆီသို့ချီတက်ကြ” ဟူသောစာသားပါ တပ်လှန့်ကြွေး‌ကြော်သံကို ချိတ်ဆွဲကြသည်။စစ်အုပ်စုအပေါ် အောင်ပွဲခံပြီး‌နောက်တွင်လည်း အစုအဖွဲ့ ရပိုင်ခွင့်ကို အခြေခံသည့် လူမျိုးကြီး၊ ဘာသာကြီး၊ ပါတီကြီးဝါဒ အယူအဆများနှင့် အတွေးအခေါ်ဟောင်းများ၊ အယူအဆဟောင်းများကို ယခုတော် လှန်ရေးတွင် အမြစ်ဖြတ်နိုင်မှ စစ်မှန်သည့် လူထုလွတ်မြောက်မှု ရရှိနိုင်မည်ဖြစ်ကြောင်း ကျောင်းသားများက ဆိုကြသည်။ လူမျိုးစုအသီးသီး၏ ကိုယ်ပိုင်ပြဌာန်းခွင့် စံနှုန်းများနှင့် နိုင်ငံသားတစ်ဦးချင်းစီ၏ လွတ်လပ်မှု ၊ တရားမျှတမှု နှင့် တန်းတူညီမျှမှု စံနှုန်းများ အပြည့်အဝရရှိစေရမည့် ရည်မျှော်သော နိုင်ငံတော်သစ်တခုပေါ်ထွန်းလာရေးအတွက် ပြည်သူလူထုတရပ်လုံး ဆက်လက်အရှိန်မြှင့်တိုက်‌ပွဲဝင်သွားရန် ကျောင်းသားများက နှိုးဆော်ကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article