26 C
Yangon

AA ကို အကြမ်းဖက် စစ်တပ်က ထိုးစစ်ဆင်

Must read

“စစ်တပ်ဘက်က ထပ်ပြီးတော့ ထိုးစစ်ဆင်လာလို့ ဒီတိုက်ပွဲက ဖြစ်နေတာ။ လက်ပံ တောင်ကြောကို မြန်မာစစ်တပ်ဘက်က ထပ်ပြီးတော့ တက်ဖို့ ကြိုးစားနေတာဖြစ်တယ်”
By ရန်ကုန်ခေတ်သစ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ဖေဖော် ဝါရီလ ၆ ရက်နေ့ အထိ တိုက်ပွဲများဖြစ်ပွားလာခြင်းမှာ စစ်ကောင်စီတပ်က ထိုးစစ်များဆင်နွှဲလာ၍ ဖြစ်ကြောင်း ရခိုင်တပ်တော် AA ၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောဆိုသည်။ဖေဖော်ဝါရီလ ၆ ရက်နေ့ တွင် စစ်ကောင်စီက ထိုးစစ်ဆင်လာ၍ တိုက်ပွဲများဖြစ်ပွားကြောင်း၊ စစ်တပ်က AA ထိန်းချုပ်ထားသော လက်ပံတောင်ကြောကို ထိုးဖောက်ရန် ကြိုးစားလျက်ရှိကြောင်း ခိုင်သုခက ဆိုသည်။”ဖေဖော်ဝါရီ ၆ ရက်နေ့ မွန်းလွဲ ၃ နာရီကနေ ၆ နာရီ ၁၅ အထိပေါ့နော် ၃ နာရီကျော်ကြာ တိုက်ပွဲဆက်ဖြစ်နေတာရှိတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာကတော့ မောင်တောမြို့နယ် မီးတန်းရွာရဲ့ အရှေ့မြောက်ဘက် ၃ ကီလိုမီတာခွဲ အကွာ လက်ပံတောင်ကြောမှာ မြန်မာစစ်တပ်ဘက်က ထပ်ပြီးတော့ ထိုးစစ်ဆင်လာလို့ ဒီတိုက်ပွဲက ဖြစ်နေတာ။ အဓိကကတော့ ဖေဖော်ဝါရီလ ၄ ရက်နေ့က တိုက် ပွဲဖြစ်ခဲ့တဲ့ လက်ပံတောင်ကြောကို မြန်မာစစ်တပ်ဘက်က ထပ်ပြီးတော့ တက်ဖို့ ကြိုးစားနေတာဖြစ်တယ်။ ဒီနေ့တိုက်ပွဲအတွက် ထိ ခိုက်ကျဆုံးမှုမသိရသေးဘူး။ မြန်မာစစ်တပ်ဘက်ကတော့ ထိခိုက်ကျဆုံးမှုရှိနိုင်တယ်” ဟု ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ရခိုင်ဒေသသတင်းရင်းမြစ်များ၏ အဆိုအရ မောင်တောဆေးရုံသို့ ရဲ ၂ ဦး ၏ အလောင်းနှင့် စစ်သား ၇ ဦး အလောင်း ရောက်ရှိလာကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article