25 C
Yangon

စစ်ကောင်စီယာဉ်တန်းကို ကျောက်ထုဒေသကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်၊ စစ်သား ၄ ဦး ထက်မနည်းသေဆုံးနိုင်ပြီး ကား ၁ စီး ပျက်စီး

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၇

မကွေးတိုင်း၊ ကျောက်ထုဒေသ၊ ကျောက်ထု-ပခုက္ကူလမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်းကို ဖေဖေါ်ဝါရီလ ၄ ရက်နေ့နှင့် ၆ ရက်နေ့များတွင် ‌ကျောက်ထုဒေသ PDF က လက်နက်ကြီးများ၊ မိုင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး ထက်မနည်းသေဆုံးပြီး စစ်ကား ၁ စီး ပျက်စီးသွားကြောင်း Kyaukhtu Region People Defense Force က သတင်းထုတ်ပြန်သည်။

ဖေဖေါ်ဝါရီလ ၄ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ကို ကျောက်ထု PDF က မိုင်း ၈ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်သည့်ဖြစ်စဉ်၌ စစ်သား ၄ ဦး သေဆုံးကြောင်း ကျောက်ထု PDF က အတည်ပြုသည်။

ဖေဖေါ်ဝါရီလ ၆ ရက်တွင် ကျောက်ထု-ပခုက္ကူလမ်းပိုင်း၌ စစ်ကောင်စီယာဉ်တန်းကို နှစ်ကြိမ် လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ၆၀ မမ လက်နက်ကြီးကျည်ထိမှန်ပြီး စစ်ကား ၁ စီး ပျက်စီးသွားပြီး စစ်သား ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

တိုက်ခိုက်ခံရသော စစ်ကောင်စီတပ်ဖွဲ့သည် လမ်းတလျှောက်ရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ မပေါက်ကွဲဘဲ ကျန်ရှိနေသည့် လက်နက်ကြီးကျည်ဆံများကို ကျောက်ထု PDF က ဖယ်ရှားရှင်းလင်းခဲ့ကြောင်း ကျောက်ထုဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article