26 C
Yangon

လွိုင်ကော်၊ လင်ဖုံလေး လမ်းခွတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တိုက်၊ စစ်သား ၉ ဦးထက်မနည်း ထိခိုက်သေဆုံး

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၇


ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအနီး လင်ဖုံလေးလမ်းခွတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF တပ်ရင်း ၂၊ တပ်ရင်း ၃၊ တပ်ရင်း ၁၁ နှင့် ဖယ်ခုံအရှေ့ဘက်ကမ်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ ဖေဖေါ်ဝါရီလ ၇ ရက် နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၉ ဦး ထက်မနည်း ထိခိုက်သေဆုံးကြောင်း သတင်းရရှိသည်။

ယနေ့ နံနက် ၅ နာရီခွဲခန့်တွင် ကရင်နီပူးပေါင်းတပ်ဖွဲ့က ၂ ကြိမ် ပြောက်ကျားဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ ၉ ဦးထက်မနည်း သေဆုံးကြောင်း၊ ကရင်နီပူးပေါင်းတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာခဲ့ကြောင်း KNDF တပ်ရင်း ၃ က သတင်းထုတ်ပြန်သည်။

ဓါတ်ပုံ – ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF တပ်ရင်း ၂ တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article