25 C
Yangon

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ‌နော်လင်းဟေဇာ တွေ့ဆုံ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်သည် ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာနော်လင်းဟေဇာနှင့် တွေ့ဆုံကြောင်း NUG က သတင်းထုတ်ပြန်သည်။

အဆိုပါတွေ့ဆုံမှုတွင် ‌ဒေါက်တာနော်လင်းဟေဇာအနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းတွင်ဖြေကြားခဲ့သော အင်တာဗျူးနှင့် ပတ်သက်၍ နားလည်မှု လွဲမှားခဲ့သည်နှင့် စပ်လျဥ်း၍ ပြန်လည်ဖြေရှင်းခဲ့ပြီး မိမိအနေနှင့် မြန်မာပြည်သူများ၏ အသံသည်သာ အဓိကကျကြောင်းနှင့် အထူးအလေးထားကြောင်း ၊ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တစ်ဦးအနေနှင့် မိမိ၏တာဝန်သည် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးရမည်ဖြစ်သောကြောင့်နားလည်ပေးစေလိုပါကြောင်း၊ မိမိ၏ အဓိကမျှော်မှန်းချက်သည် မြန်မာနိုင်ငံကိုအကူအညီပေးရန်သာဖြစ်ကြောင်း ရှင်းလင်းဆွေးနွေး ခဲ့ပြီး – လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးရေး ကိစ္စရပ်များ အပါအဝင် မြန်မာနိုင်ငံ အတွင်း ပြောင်းလဲ ဖြစ်ပေါ်လျက်ရှိသောအခြေအနေများကို ပိုမိုနားလည်စေရန် လေ့လာကြားနာ သွားလိုကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်အနေနှင့် စစ်အုပ်စု၏ အာဏာသိမ်းရန် ကြံစည်မှု၏ နောက်ဆက်တွဲဆိုးကျိုးများ အနေနှင့် ဖြစ်ပေါ်လာရသော လူအခွင့်အရေးချိုးဖောက်မှုများ နှင့် မြန်မာပြည်သူများအပေါ်လူသားချင်းစာနာထောက်ထားမှုပေးရန်အရေးပေါ် လိုအပ်နေမှုအခြေအနေ များကို ပြန်လည်ဆွေးနွေး ပြောကြားခဲ့ပါသည်။ ဆက်လက်၍ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်အနေနှင့် မြေပြင်တွင်ဖြစ်ပေါ်နေသောအခြေအနေများ၊ ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို အကြမ်းဖက်ဖြိုခွင်းခဲ့မှုများ၊ ယမန်နေ့ကဖြစ်ပွားခဲ့သော ၁၇ နှစ်အရွယ်ကျောင်းသားတဦးအား ရန်ကုန်မြို့လည်ခေါင်တွင် သေနတ်နှင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့မှု အပါအဝင် အကြမ်းဖက်ဖမ်းဆီးနှိပ်စက်နေမှုများ ၊ ကျေးရွာများကို လူမဆန်စွာ မီးရှို့ဖျက်ဆီးနေမှုများ အပါအဝင် လေကြောင်း တိုက်ခိုက်မှုများ ၊ စသည့် တို့အပြင်စစ်အုပ်စု၏ အာဏာသိမ်းအကြမ်းဖက်မှုများကို ဖက်ဒရယ်အင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနှင့်ပြည်သူလူထု က ညီညီညွတ်ညွတ်ဆန့်ကျင်တော်လှန်နေကြသည့် အခြေအနေ အရပ်ရပ် အပါအဝင် NUG ၏ ပေါင်းစပ် ဆောင်ရွက်ချက်များ စသည့် တို့ ကို အကျယ်တဝင့် ဆွေးနွေးပြောကြားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article