25 C
Yangon

ရွှေဘို ဆိပ်ခွန်ရွာကို စစ်တပ်က ညအချိန် မီးရှို့နေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်များ ယနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်စီးနင်းခဲ့ပြီး ည ၁ဝနာရီခန့်တွင် ကျေးရွာမြောက်ပိုင်းက စတင်ကာ မီးရှို့နေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

“နံနက် ၆ နာရီလောက်တည်းက ရွာရဲ့အနောက်ဘက်ကနေ လက်နက်ကြီး ၆ချက် ၇ ချက်လောက် ထုပြီး ဝင်လာတာ။ အင်အား ၁၀၀ လာက် ရှိတယ်။ ဈေးဆိုင်က စားစရာတွေယူ ဖျက်ဆီးရိုက်ခွဲ၊ အိမ်တော်တော်များများလည်း အမွှေခံရတယ်။ ၁၀ ဦးခန့် ဖမ်းထားပြီး ၂ ဦးသေတယ်လို့လည်း ကြားတယ်။ အခု ည၁ဝနာရီလောက်မှာ ရွာမြောက်ပိုင်းကနေစပြီး မီးရှို့နေပြီ” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

လက်ရှိအချိန်တွင် ရွာကလေးရွာ အုပ်စုဖြစ်သည့် ဆိပ်ခွန်ကျေးရွာအပါအဝင် ဆိပ်သာ ၊နံ့သာ ၊ ဘိုတည်းကုန်းရွာများမှ ပြည်သူများမှ ထွက်ပြေးနေကြရကာ ကျေးရွာများအတွင်း ပိတ်မိနေသူများရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article