25 C
Yangon

သန်လျင်စစ်မှုထမ်းဟောင်း ဥက္ကဌ၊ ရန်ကုန်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဒုရဲမှူးကြီး‌ဟောင်း ကျော်မိုးကြည် နေအိမ် ဗုံးပစ်ခံရ ၊ အလုံ၊ မြောက်ဥက္ကလာပနှင့်သာကေတတို့တွင် ဗုံးပေါက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် စစ်မှုထမ်းဟောင်း ဥက္ကဌ၊ ရန်ကုန်တိုင်းရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဒုရဲမှူးကြီးဟောင်း ကျော်မိုးကြည်၏ နေအိမ်သို့ ယနေ့ ည ၇ နာရီ ၅၀ မိနစ်အချိန် လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရကြောင်း သိရှိရသည်။

လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သန်လျင်မြို့နယ်မှ ကျော်မိုးကြည် ၏ နေအိမ်တွင် ဗုံးပေါက်ကွဲမှုကြောင့် ကားတစ်စီး ထိခိုက်ပျက်စီးကြောင်း၊ အဆိုပါဗုံးခွဲ တိုက်ခိုက်မှုကို Urban Guerrilla Force – U.G.F Thanlyin က လုပ်ဆောင်ခြင်းဖြစ်ကြောင်း အဆိုပါ အဖွဲ့က ထုတ်ပြန်သည်။

အလားတူ မြောက်ဥက္ကလာပနှင့်သာကေတတို့တွင် ယနေ့ ည ၇ နာရီဝန်းကျင်တွင် ဗုံးပေါက်ကွဲသံများ ကြားရကြောင်း ဒေသခံများထံမှ သိရှိရသည်။

အလားတူ အလုံမြို့နယ်တွင် ယနေ့ ည ၁၀ နာရီ ၃၅ မိနစ်အချိန်၊ ည ၁၀ နာရီ ၂၇ မိနစ်တစ်ကြိမ် ဗုံး ၃ လုံး ဆက်တိုက် ပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဓာတ်ပုံ- စစ်မှုထမ်းဟောင်း ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖဖွဲ့ဝင်၊ ဒုရဲမှူးကြီးဟောင်း ကျော်မိုးကြည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article