26 C
Yangon

ပြည်ထောင်စုနေ့ အခမ်းအနားတက်ရန် သွားသည့် စစ်အရာရှိယာဉ်တန်းကို KNU က မိုင်းဆွဲတိုက်ခိုက်၊ လမ်းများပိတ်ဆို့နေပြီး ကားရာချီပိတ်နေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

မွန်ပြည်နယ်၊ ဘီးလင်းနှင့်သထုံအကြားတွင် ပြည်ထောင်စုနေ့ အခမ်းအနားတက်ရန် သွားသည့် စစ်အရာရှိယာဉ်တန်းကို KNU က မိုင်းဆွဲတိုက်ခိုက်၊ လမ်းများပိတ်ဆို့နေပြီး ကားရာချီပိတ်နေခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။ “ဖြစ်တာက ကမိုင်စိုင်ဝန်းကျင်မှာ မိုင်းလည်း ဆွဲတယ်။ ပစ်လည်းပစ်တယ်။ ဘီးလင်းရဲစခန်း စခန်းဘေးကလမ်းတွေကာထားတာတွေပိတ်လိုက်ပြီ။ တောင်စွန်းရဲစခန်းလည်း လမ်းတွေပိတ်လိုက်ပြီ။ ဖြစ်တာက မွန်းလွဲ ၃ နာရီလောက်ကဖြစ်တာ။ အခုတော့ လမ်းပြန်ဖွင့်တယ်ထင်တယ်။ ကားတွေတော့ ရွေ့နေပြီ။ပြည်ထောင်စုနေ့ သွားတက်မယ့် ပြည်နယ်၊ မြို့နယ် အရာရှိတွေလိုက်ပါတဲ့စစ်ယာဉ်တန်းလို့ပြောတယ် အတိုက်ခံရတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။ KNU သထုံခရိုင်က စစ်ကောင်စီလက်အောက်ခံ အဖွဲ့များနှင့် ဝန်ထမ်းများ နုတ်ထွက်ကြရန် တရားဝင် သတိပေးချက် ထုတ်ပြန်ထားပြီးနောက် တိုက်ခိုက်မှုများ တောက်လျှောက်ဆိုသလိုဖြစ်ပွားလာခြင်းဖြစ်သည်။
ဓာတ်ပုံ- ယနေ့ မွန်းလွဲပိုင်း ဘီးလင်း-သထုံလမ်းတွင် လမ်းများပိတ်ဆို့နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article