25 C
Yangon

တန့်ဆည်မြို့နယ်၊ ပေချောင်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး

Must read


ရန်ကုန်၊ ဖေဖော်ဝါရီ ၉

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ပေချောင်ရွာတွင် အကြမ်းဖက်စစ်ကောင်စီမှ ယနေ့ ညနေ ၄ နာရီခန့်မှ စတင်ကာ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောကြားသည်။

“ခုလောလောဆယ်အိမ် ၂ လုံးမီးလောင်တယ်ဗျ။ ခုတော့ ထပ်မရှို့သေးဘူး။ ရွာထဲမှာတော့ စစ်တပ်တွေ ရှိသေးတယ်” ဟုဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၂၀ ခန့်သည် ပေချောင်ရွာကို ယမန်နေ့ညပိုင်းတွင် ဝင်ရောက် ကာ တပ်စွဲထားခြင်းဖြစ်ပြီး ပြည်သူများ၏ စားနပ်ရိက္ခာများ ခိုးယူခြင်း၊ နေအိမ်များကို ရိုက်နှက်ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း၊ ရွာသားများမှာ ပုန်းရှောင်ပြေးနေရကြောင်း ဒေသခံများ ထံမှ သိရှိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၈ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သည် ထန်းကုန်းကြီးရွာထဲသို့ ဝင်ရောက်ကာ နေအိမ် ၇ လုံးကို ဖျက်ဆီးသွားပြီး အသက် ၇၀ ရွယ် လူကြီး နှစ်ဦးကို လမ်းပြအဖြစ် ဖမ်းဆီးပြီး ပေချောင်ရွာသို့ ခေါ်ဆောင်သွားခဲ့ကာ အဆိုပါ ဖမ်းဆီးခံရသူ နှစ်ဦးကို လက်ရှိအချိန်အထိ လွှတ်ပေးခြင်း မရှိသေးပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article