25 C
Yangon

ရပ်စောက်တွင် ရှမ်းတော်လှန်ရေးနှစ်ဖွဲ့ကြား တိုက်ပွဲပြင်းထန်၊ RCSS ၏ ၁၉၈ တပ်မဟာမှူးနှင့်အဖွဲ့ကို လက်နက်များနှင့် ဖမ်းဆီးရမိဟု SSPP ပြော၊ SSPP က အင်အားထောင်ချီသုံးဟု RCSS ပြော

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၀

ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်တွင် ဖေဖေါ်ဝါရီလ ၈ ရက် မနက်ပိုင်းတွင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး မွန်းလွဲ ၃ နာရီခန့်တွင် RCSS ၏ ၁၉၈ တပ်မဟာမှူး စံခေးနှင့် ၁၁ ဦးပါ အဖွဲ့ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း SSPP ထံမှ သိရှိရသည်။RCSS ၁၉၈ တပ်မဟာမှူး စံခေးနှင့် ၁၁ ဦးပါအဖွဲ့ကို လက်နက်ကြီး၊ လက်နက်ငယ်များ၊ ငွေသားများနှင့်အတူ SSPP တပ်မ ၇၃၈ လက်အောက်ခံတပ်ဖွဲ့များက အရှင်ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း SSPP သတင်းရင်းမြစ်က ဆိုသည်။လက်ရှိတိုက်ပွဲများတွင် SSPP ဘက်မှ အင်အား ထောင်ချီသုံးကာ ထိုးစစ်ဆင်နေကြောင်းနှင့် မြေပြင်အချက်အလက် မသိရှိရသေးကြောင်း RCSS/SSA က ဆိုသည်။”တိုက်ပွဲက နေရာတော်တော်များများမှာ ဖြစ်နေတယ်၊ ရှမ်းပြည်တောင်ပိုင်းမှာဆိုရင် မိုင်းကိုင်၊ ကျောက်ဂူ၊ အင်တော၊ မြောက်ပိုင်းမှာဆိုရင် ကျောက်မဲနဲ့ သီပေါ အစပ်မှာပေါ့။ ကျောက်ဂူဘက်က တိုက်ပွဲက မြေပြင်အခြေအနေ အသေးစိတ်မသိရသေးဘူး၊ တိုက်ပွဲက ကျယ်ပြန့်တယ်ဆိုတော့ သူတို့ SSPP ဘက်က အင်အား ထောင်ချီနဲ့ ထိုးစစ်ဆင်လာတယ်ဆိုတော့ ကျနော် ဘာမှ မှတ်ချက်ပေးစရာ မရှိဘူးဗျ” ဟု RCSS/SSA အတွင်းရေးမှူး ၂ ဗိုလ်မှူးခမ်းစံက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။SSPP က ဆက်လက် နယ်မြေရှင်းလင်းစဉ် ရှမ်းတော်လှန်ရေး ၂ ဖွဲ့ကြား ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ပြီး ပြည်သူပိုင်အဆောက်အဦးအချို့ မီးလောင်ပျက်စီးမှုရှိခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ်သည် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းကို ဆက်သွယ်ထားသော ကားလမ်းပေါ်တွင် တည်ရှိပြီး အဆိုပါ လမ်းမကြီးပေါ်တွင်ပါ တိုက်ပွဲများဖြစ်ပွားနေကာ ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံပြည်သူများ စစ်ဘေးရှောင်နေကြရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article