25 C
Yangon

မြန်မာ အကြမ်းဖက် စစ်ကောင်စီသို့ လေယာဉ်ဆီ ထောက်ပံ့ပေးမှု မလုပ်ရန် စီးပွားရေးကုမ္ပဏီများကို ဗြိတိသျှအစိုးရ သတိပေး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

မြန်မာနိုင်ငံမှ အကြမ်းဖက် စစ်ကောင်စီထံသို့ လေယာဉ်ဆီ ထောက်ပံ့ပေးမှု မလုပ်ဆောင်ရန် စီးပွားရေးကုမ္ပဏီများကို ဗြိတိသျှ အစိုးရက သတိပေးချက် တစ်ရပ် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။ စစ်ကောင်စီတပ်ထံသို့ လေကြောင်း လောင်စာများ ထောက်ပံ့ပေးနေသည့် ကုမ္ပဏီများကို ဗြိတိန်အစိုးရက သတိပေးထားကြောင်း၊ အကြမ်းဖက်စစ်တပ်ကို လေကြောင်း လောင်စာဆီ ထောက်ပံ့မှုတွင် ဗြိတိန်ကုမ္ပဏီများ မပါဝင်စေရန် ဗြိတိန်အစိုးရ၏ သတိပေးလိုက်ပြီး ယင်းသတိပေးချက်ကို Burma Campaign UK က ကြိုဆိုကြောင်း၊ အကြမ်း ဖက်စစ်တပ်နှင့်မပတ်သက်ရန် စီးပွားရေး လမ်းညွှန်ချက်အသစ်ကို ဗြိတိန်အစိုးရ၊အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဦးစီးဌာနနှင့် နိုင်ငံခြား၊ ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်ရေးရုံးက ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။ “မြန်မာစစ်တပ်သည် အရပ်သားပစ်မှတ်များကို လေကြောင်း တိုက်ခိုက်မှုများ ပုံမှန်လုပ်နေသည်။ မြန်မာ့လေကြောင်းကဏ္ဍနှင့် ဆက်စပ်နေသည့်ကုမ္ပဏီများအနေဖြင့် လေယာဉ်ဆီကဲ့သို့သော ကုန်ပစ္စည်းများ စစ်တပ်သို့ မရောက်ရှိရန် သေချာစွာလုပ်ဆောင်သင့်သည်”ဟု ဗြိတိန်အစိုးရက သတိပေးသည်။ “ဗြိတိသျှအစိုးရက မြန်မာစစ်တပ်ကို လေကြောင်းလောင်စာဆီ ထောက်ပံ့မှုမှာ ဗြိတိန်ကုမ္ပဏီတွေ မပါဝင်ဖို့ ဗြိတိန်အစိုးရက သတိပေးတာကို တွေ့ရတာ အရမ်းကောင်းပါတယ်” ဟု Burma Campaign UK ၏ ဒါရိုက်တာ Mark Farmaner က ပြောသည်။ “ဒါဟာ စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှု ကော်မရှင်မှာ လေကြောင်း လောင်စာဆီ ထောက်ပံ့ရေး အခန်းကဏ္ဍကို အသိအမှတ်ပြုခြင်း ဖြစ်ပါတယ်။ တတ်နိုင်သမျှ ဥပဒေကြောင်းအရ အရေးယူမှုတွေ အမြန်ဆုံးလုပ်မယ်လို့ မျှော်လင့်ပါတယ်။”ဟု ၎င်းကပြော ဆိုသည်။ Burma Campaign UK နှင့် မြန်မာနိုင်ငံမှ အရပ်ဘက်အဖွဲ့အစည်းများ အများအပြားသည် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ တိုးမြင့်လာပြီးနောက် လေကြောင်း လောင်စာဆီ ထောက်ပံ့မှုအပေါ် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် တောင်းဆိုနေကြသည်။
ဓာတ်ပုံ- ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article