25 C
Yangon

ရန်ကုန်၊ စစ်ကိုင်းနှင့် မန္တလေး အပါအဝင် နိုင်ငံတစ်ဝန်း အုပ်ချုပ်ရေးမှူးနှင့်ပျူစောထီး ၅ ဦး အသတ်ခံရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်၊ ဇီးကျွန်းကျေးရွာသား ပျူစောထီးအဖွဲ့ခေါင်းဆောင် အောင်ထွန်း(ခ) မင်းမင်းကို ဖေဖော်ဝါရီလ ၈ရက်နေ့ မွန်းလွဲ ၃နာရီ ၃၀မိနစ်ခန့်တွင် ဗိုလ်စနေအဖွဲ့က ဓား၊ သေနတ်များဖြင့် ပစ်ခတ်တိုက်ခဲ့ပြီး ပွဲချင်းပြီး သေ ဆုံးခဲ့ကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။ အဆိုပါ ပျူစောထီးခေါင်းဆောင် မင်းမင်းဆိုသူသည် အောက်လမ်း၊ ဗိန္နောဆရာ အလုပ်ကိုလုပ်ကိုင်ကာ ဇန်နဝါရီလ အစောပိုင်းက လယ်ဇင်၊ သက္ကယ်ကျင်း၊ ကိုင်းတော၊ ဇီးကျွန်း၊ပလ္လင် စသည့် ကျေးရွာများကို စစ်ကောင်စီတပ်သားများ ဝင်ရောက်လာစဉ် သတင်းပေး၊လမ်းပြအဖြစ်နဲ့ ပါဝင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ဗိုလ်တေဇလမ်း လမ်းသွယ် ၁၃ တွင် ဖေဖော်ဝါရီလ ၈ရက်နေ့ နံနက်၉နာရီ ဝန်းကျင်ခန့်က လက်ဖက်ရည် ထိုင်သောက်နေသည့် ပျူစောထီးအဖွဲ့ ခေါင်းဆောင် နိုင်ကြီးကို မြို့ပြပျောက်ကျားတပ်ဖွဲ့ ၃ဖွဲ့က ပူးပေါင်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း အဆိုပါ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို Monywa NightKing၊ ACF Monywaနှင့် Monywa Ninjaတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နိုင်ကြီးဆိုသူသည် စစ်ကောင်စီသတင်းပေးဖြစ်ကာ ညဘက်များတွင် စစ်ကောင်စီတပ်သားများကို ကင်းလှည့်ပေးရန် ကားမောင်းနှင်ပေးကြောင်း၊ မုံရွာမြို့ပြောက်ကျားတပ်ဖွဲ့များကို စုံစမ်း၍ စစ်ကောင်စီတပ်သားများ ဖမ်းဆီးနိုင်ရန် ဆောင်ရွက်ပေးခဲ့ကြောင်း ပျောက်ကျားတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။ ထို့ပြင် ရန်ကုန် မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး နေလင်းဆိုကို ယနေ့ ဖေဖော်ဝါရီလ ၉ရက်နေ့ နံနက်ပိုင်းတွင် အမည်မသိ သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ မကွေးတိုင်း မကွေးမြို့နယ် ကြာကန်ရွာတွင်လည်း ခိုးထုတ်စစ်ကားဆီများ လက်ခံဝယ်ယူရောင်းချပေးနေသော စစ်တပ် သတင်းဟု သတ်မှတ်ခံရသူ ပြူးတူး(ခ)လှငွေကို ဗိုလ်ငါးထန်းရွက်ဦးဆောင်သော ငါးပြေမပြောက်ကျားတပ်ဖွဲ့က ဖေဖော်ဝါရီလ ၉ရက်နေ့ ည၇နာရီခန့်တွင် ၎င်းနေအိမ်၌ ပစ်တိုက်ခိုက်ခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ငါးပြေမ ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။အဆိုပါ စစ်တပ် သတင်းဟု သတ်မှတ်ခံရသူ ပြူးတူး(ခ)လှငွေသည် သေနတ် ဒဏ်ရာ ၅ချက်ထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်ပြီး စစ်တပ်ကားများမှ ခိုးထုတ် ရောင်းချသော ဆီများကို လက်ခံဝယ်ယူခြင်း စစ်ကောင်စီ တပ်ဖွဲ့များနှင့် ပေါင်း၍ ရပ်ရွာအပေါ်အမျိုးမျိုး ဒုက္ခပေးခြင်း အနီးအနားရွာများမှ ဒလံများနှင့်ပူးပေါင်းကာ သတင်းပေးခြင်းများကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ငါးပြေမပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။စစ်ကိုင်းတိုင်း၊ မြင်းမူမြို့တွင် နေထိုင်သူ ပျူစောထီးခေါင်းဆောင်ဖြစ်သူ ရေခဲ( ခ ) သိန်းဌေးဝင်းကို ဖေဖော်ဝါလ ၉ ရက်နေ့ညနေ ၄ နာရီ ဝန်းကျင်တွင် ကျည်ဆံ ၇ တောင့်ဖြင့် ပစ်သတ်ခံခဲ့ကြောင်း GTRMMU ကထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article