ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၁
စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းကို ကျောက်ထု-ဆောလမ်းပိုင်းတွင် ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF က ယနေ့ ဖေဖေါ်ဝါရီလ ၁၁ ရက်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း YDF က သတင်းထုတ်ပြန်သည်။ကျောက်ထုမြို့မှ ထွက်ခွာလာသော အဆိုပါ စစ်ကောင်စီယာဉ်တန်းကို YDF က အဝေးထိန်း Remote မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး စစ်ကောင်စီတပ်သား သေဆုံးထိခိုက်စာရင်းကို ကနဦး မသိရှိရသေးပေ။